ရေရှားပါးမှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက တိရိစ္ဆာန်တွေ သေဆုံးမှုပိုမြင့်လာ

ရေရှားပါးမှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက တိရိစ္ဆာန်တွေ သေဆုံးမှုပိုမြင့်လာ

ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေကြရပြီး ၎င်းတို့ပိုင်ဆိုင်တဲ့ တိရိစ္ဆာန်တွေ သေဆုံးမှု ပိုမိုမြင့်တက်လာတယ်လို့ စစ်ဘေးရှောင်လူထုတွေက ပြောကြပါတယ်။

“ရေကြောင့်မို့ ကျွဲ၊ နွားတွေ တနှစ်ထက်တနှစ် ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့ရပြီးတော့ ၄၀ ရာခိုင်နှုန်းလောက်က နင်းမိုင်းတွေ၊ အိမ်သာတွင်းထဲကျတာ၊ လှောင်ကန်ထဲကျတာတွေ၊ တချို့ကတော့ စစ်ရှောင်ရလို့ မကျောင်းနိုင်တော့ဘဲ ပျောက်ရှတာတွေ ရှိတယ်” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ယခု ၂၀၂၅ ခုနှစ် တလကျော်အတွင်း တိရိစ္ဆာန်သေဆုံးမှု ဆယ်ဂဏန်းအထိ ရှိလာနေပြီလို့ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ ရေရှားပါးမှုပြသနာကြောင့် တိရိစ္ဆာန်သေဆုံးမှု နှစ်စဉ်ကြုံတွေ့နေရပြီး တနှစ်ထက်တနှစ် ပိုမိုများပြားလာတယ်လို့ ဖရူဆိုမြို့နယ်အတွင်းက ဒေသခံတွေက ပြောပါတယ်။

“အခုက တချို့ဆို ရေငတ်တော့ ရေတွင်းထဲ ပြုတ်ကျသွားတာရှိတယ်။ သားပေါက်လေးဆို ပိန်လီပြီး လမ်းမလျောက်နိုင်တာတွေ ရှိနေပြီ” လို့ ဖရူဆိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ရေရှားပါးမှုကြောင့် တိရိစ္ဆာန်သေဆုံးမှုတွေအပြင် သောက်သုံးရေအတွက် သိုလှောင်ထားတဲ့ ရေကန်တွေလည်း ကုန်နေပြီဖြစ်သလို ရေအရင်းအမြစ်ရှားပါးခြင်း၊ သယ်ယူရန် ကုန်ကျစရိတ်တွေ များခြင်းတို့ကြောင့် နွေရာသီမှာ ပိုခက်ခဲတဲ့စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုသယ်စစ်ရှောင်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

“မိုးရေကတော့ ကုန်နေပြီ။ ရှိနေတဲ့ဟာတောင် အနံ့ထွက်နေပြီ။ အဓိက အစားအသောက်နဲ့ တကိုယ်ရည်သန့်ရှင်းရေးအတွက် အခက်အခဲရှိတယ်။ အဲ့ကနေ ဝမ်းလျှောဝမ်းပျက်တွေ ခဏခဏဖြစ်တယ်” လို့ ဆိုသယ်စစ်ရှောင်စခန်းမှာနေထိုင်တဲ့ စစ်ရှောင်တဦးက ပြောပါတယ်။

ယခင် ၂၀၂၄ ခုနှစ်မှာလည်း ဖရူဆိုမြို့နယ် အရှေ့တောင်ဖက်ခြမ်းက ကျေးရွာနှစ်ရွာဖြစ်တဲ့ ဒေါခူလီ၊ လောပလျားလဲကျေးရွာမှာ ဒေသခံလူထုတွေအပြင် တိရိစ္ဆာန်တွေ မှီဝဲသောက်သုံးနေတဲ့ ရေစုကန် ရေခမ်းခြောက်သွားတာကြောင့် တစ်နှစ်အောက်အရွယ် ကျွဲ၊ နွားတွေ သေဆုံးမှု ရှိခဲ့ပါတယ်။

ဒါ့အပြင် နင်းမိုင်းကြောင့် တိရိစ္ဆာန် သေဆုံးရတာတွေလည်း နှစ်စဉ်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...
July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...