မောင်တောဒေသတွင် မြိုလူမျိုးများ လုံခြုံရေးအခြေအနေကြောင့် ဝမ်းစာရှာဖွေမှုခက်ခဲနေ

မောင်တောဒေသတွင် မြိုလူမျိုးများ လုံခြုံရေးအခြေအနေကြောင့် ဝမ်းစာရှာဖွေမှုခက်ခဲနေ

ရခိုင်ပြည်၊ မောင်တောဒေသအား အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်သော်လည်း လုံခြုံရေးစိုးရိမ်ရသဖြင့်  မြိုလူမျိုးမိသားစုများ ဝမ်းစာဖူလုံရေးအတွက် ခက်ခဲနေရသည်ဟု ကာယကံရှင် မြိုလူမျိုးများက ပြောသည်။

မြိုအမျိုးသမီးတစ်ဦးက "ကျွန်မတို့အရင်ကဆို တောတောင်တွေကို လွတ်လပ်စွာသွားလာပြီး ဟင်းသီး၊ ဟင်းရွက် ရှာဖွေနိုင်ခဲ့ကြတယ်။ အခု စစ်ရေးကာလမှာ မိုင်းအန္တရာယ်နဲ့ အကြမ်းဖက် ARSA အဖွဲ့တွေရဲ့ အန္တရာယ်တွေကြောင့် တောတောင်တွေကို မသွားဝံ့ကြ‌တော့ဘူး။ ဟင်းသီးဟင်းရွက်တွေ ရရှိနိုင်တဲ့နေရာတွေကို သွားရောက်မရှာ‌ဖွေဝံ့ဖြစ်နေကြရပါတယ်" ဟု ပြောကြားသည်။

လက်ရှိ စစ်ရေးကာလ၌ မြိုအမျိုးသမီးများမှာ ဝေးလံခေါင်ဖျားသည့် မေယုတောတောင်သို့ သွားရောက်ပြီး ဟင်းသီးဟင်ရွက်များ မရှာဖွေနိုင်၍ ဝင်‌ငွေနည်းပါးကာ မိသားစုစားဝတ်နေရေး မဖူမလုံဖြစ်နေကြရသည်ဟုလည်း ဆိုသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် နံနက်ကလည်း မေယုတောင်တန်းရှိ လက်ဝဲချောင်းသို့ ငါးရှာသွားကြသည့် ကိုင်းကြီမြိုကျေးရွာ ဦးဆိုင်ဝင်း (၄၅) နှစ်နှင့် သူ၏သားများဖြစ်ကြသည့် မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နှင့် ဦးဆိုင်ဝင်း၏ အစ်ကိုသား မောင်ဒီကော် (၁၄) နှစ်တို့သည် ယနေ့အချိန်ထိ ပျောက်ဆုံးနေပြီး အာဆာအဖွဲ့က ဖမ်းယူသွားခဲ့သည်ဟု ၎င်းတို့က ပြောသည်။

မောင်တောဒေသခံ မြိုအမျိုးသားလူကြီးတစ်ဦးက "ဝေးလံတဲ့ တောတောင်တွေကို ခြေလျင်သွားပြီး ဟင်းသီးဟင်းရွက် မရှာနိုင်ကြဘူး။ ဟင်းသီးဟင်းရွက်‌တွေကို ရှာဖို့သွားတဲ့ ကိုင်းကြီးရွာသားတွေ ပျောက်သွားကတည်းက ဘယ်သူမှ တောတောင်တွေထဲကို မသွားရဲတော့ဘူး" ဟု ပြောဆိုသည်။

မြိုလူမျိုးတို့၏ အဓိက မိရိုးဖလာ စီးပွားရေးလုပ်ငန်းမှာ တောင်ယာစိုက်ပျိုးရေးဖြစ်ပြီး တောင်ယာလုပ်ငန်းသည် မြိုလူမျိုးများ၏ အသက်မွေးဝမ်းကျောင်းဖြစ်သည်။

သို့သော် လက်ရှိ၌ ထိုတောင်ပေါ်ဒေသနေ မြိုလူမျိုးများမှာ ၂၀၁၇ ခုနှစ်၌ အဆာအကြမ်းဖက်အဖွဲ့များထံ ရက်စက်စွာ သတ်ဖြတ်ခံရခဲ့ပြီးနောက် တောင်ပေါ်တွင် မနေရဲတော့ဘဲ  မြေပြန့်‌ဒေသများသို့ ဆင်းလာကာ ရပ်ရွာတည်၍ နေထိုင်နေကြရသည်ဟုလည်း သိရသည်။

၂၀၁၇ ခုနှစ်တွင် အကြမ်းဖက် ARSA အဖွဲ့က သတ်ဖြတ်မှုကြောင့် မောင်တောမြို့၊ ကိုင်းကြီးမြိုရွာမှ ဒေသခံ ၈ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ရသည်။

မြိုလူမျိုးများသည် ရခိုင်မျိုးနွယ်စုဝင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၃ သောင်းကျော် နေထိုင်လျက်ရှိသည်ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇနီဖြူကပြောသည်။

မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင် နေထိုင်ကြပြီး ယင်းအနက် မောင်တောမြို့နယ်တွင် အများဆုံး နေထိုင်လျက်ရှိသည်ဟု ဆိုသည်။

February 13, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့ ယမန်နေ့တစ်ညတည်းတွင်...
February 12, 2026
(တိုက်ပွဲများအတွင်း စစ်တပ်မှ (၉၆) ဦးသေဆုံး၊ (၃၈) ဦး ထိခိုက်ဒဏ်ရာရကာ စစ်တပ်အဖွဲ့ဝင်ပေါင်း (၁၀၁)...
February 11, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တစ်ဦးချင်း...
February 10, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် လောင်စာအဖြစ် ထင်းကိုအသုံးပြုမှု များလာနေပြီး...