စစ်ရှောင်သွားသည့် ရခိုင်အမျိူးသမီးတချို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့တွင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများရှိနေ

စစ်ရှောင်သွားသည့် ရခိုင်အမျိူးသမီးတချို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့တွင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများရှိနေ

ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း သွားရာ စစ်ကောင်စီဂိတ်များ၌ အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများရှိနေကြောင်း ကျူးလွန်ခဲ့ရသူ အမျိုးသမီးငယ်တို့ထံက သိရသည်။

တိုက်ပွဲဖြစ်ပွားနေဆဲ ရခိုင်ပြည် မြို့နယ်များကနေ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် စစ်ဘေးရှောင် ထွက်ပြေးစဉ် စစ်ကောင်စီစစ်ရေးဂိတ်များတွင် စစ်ကောင်စီတပ်သားတို့၏ မဖွယ်မရာစစ်ဆေးမှုကို ကြုံတွေ့ နေရသည့်ဟု ကျူးလွန်ခဲ့ရသည့် အမည်မဖော်လိုသူ အမျိုးသမီးငယ်တစ်ဦးက ယခုလို ပြောပါသည်။

“ဒီဇင်ဘာလအထဲမှာပဲ ဖြစ်တာပါ။ ဂွမြို့အထွက်က ဂိတ်မှာ မိန်းကလေးငယ်ငယ်လေးတွေကို အရင်ဆုံး အင်္ကျီကိုလှန်ပြီး စစ်တယ်။ ပြီးရင် AA က စစ်မေတွေဆိုရင် ရင်သားမှာ တက်တူးထိုးတယ်လို့ စွပ်စွဲပြီး လွန်လွန် ကျူးကျူး စစ်ဆေးကြည့်တယ်။ တကိုယ်လုံးကို ကြည့်တယ်။ ဒူးနဲ့ခြေသလုံး ခြေမျက်စိထိကို စစ်ဆေးတယ်။ ကြည့်တယ်” ဟု အဆိုပါအမျိုးသမီးငယ်က ပြောသည်။

အလားတူ အမ်းမြို့နယ်တွင်လည်း နိုဝင်ဘာလ နောက်ဆုံးအပတ်က စစ်ဘေးရှောင် သွားသည့်  ဆယ်ကျော်သက်အရွယ် စစ်ရှောင်အမျိုးသမီးငယ်နှစ်ဦးကို စစ်ကောင်စီ မြင်းကန်စစ်ဆေးရေး ဂိတ်မှ စစ်ကောင်စီတပ်သားများက ဖုန်းများကို စစ်ဆေးမည်ဟုဆိုကာ ခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့သည်ကို ကြားသိခဲ့ရကြောင်း အမည်မဖော်လိုသည့် အမ်းစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“အမ်းကနေပြီး မင်းဘူးဘက်ကို ထွက်လာတာ။ လမ်းတဝက်က ကမြင်းကန်ဂိတ်မှာ အဖမ်းခံ ရတယ်။ အဖမ်းခံရတဲ့လူတွေကို ကမြင်းကန်ဘုန်းကြီးကျောင်းကို ပို့တယ်။ ဘုန်းကြီးကျောင်းကနေ ညနေပိုင်း လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော်နှစ်ယောက်က အသက် ၁၆ နှစ်အရွယ်နဲ့ ၂၅ နှစ် အရွယ် အမျိုးသမီးငယ်နှစ်ယောက်ကို ဖုန်းမှာ စစ်ဆေးစရာရှိတယ်လို့ခေါ်ပြီး အဓမ္မပြုကျင့်ပြီး  ညဉ့်နက်မှ ပြန်ပို့ပေးလိုက်တာ” ဟု ၎င်း ပြောပါသည်။

အဓမ္မပြုကျင့်မှု ကျူးလွန်ခံရသည့် အမျိုးသမီးငယ် ၂ ဦးမှာ အသက် ၁၆ နှစ်မှ  အသက် ၂၅ နှစ်အရွယ်ကြား မိန်းကလေးငယ်များဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ကျူးလွန်ခံရသည့်အမျိုးသမီးငယ်များအား ကျူးလွန်ခံရသည့်ဖြစ်စဥ်ကို သတင်းထွက်ပေါ်လာပါက စစ်ကောင်စီက သတ်ပစ်မည်ဟု  ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း အမ်းစစ်ရှောင်အမျိုးသမီးငယ်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့သို့ အလုပ်လုပ်ရန် သွားသည့် ရခိုင်ပြည် မြေပုံမြို့၊ ကမ်းထောင်းကြီးမြို့မှ အမျိုးသမီးတစ်ဦးကို မူဆယ်မြို့အဝင် စစ်ကောင်စီတပ် ဂိတ်မှ စစ်ကောင်စီတပ်သားများက အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးသတ်ဖြတ်မှု လည်း ဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...