ဂွမြို့နယ် တိုက်ပွဲထဲက လက်နက်ကြီးကျည် ဂျိုင်ကောက်ရွာဟောင်းထဲကို ကျရောက်ပေါက်ကွဲသည့် အတွက် အမျိုးသမီးငယ် တစ်ဦးအပါအဝင် ၂ ဦး သေဆုံး

ဂွမြို့နယ် တိုက်ပွဲထဲက လက်နက်ကြီးကျည် ဂျိုင်ကောက်ရွာဟောင်းထဲကို ကျရောက်ပေါက်ကွဲသည့် အတွက် အမျိုးသမီးငယ် တစ်ဦးအပါအဝင် ၂ ဦး သေဆုံး

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည် ဆပ်သွားတံတားထိပ်နဲ့ ၎င်းကျေးရွာအနီးရှိ ဂျိုင်ကောက်(ချိုင်ကောက်) ကျေးရွာဟောင်း၊ ကျေးရွာသစ်တို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

တိုက်ပွဲထဲက ဗုံးသီးတစ်လုံးသည် ယနေ့(နိုဝင်ဘာ ၁၃ ရက်နေ့ )နံနက် ၉ နာရီကျော်က ဂျိုင်ကောက်ကျေးရွာဟောင်း ဘုန်းတော်ကြီးကျောင်းအနီးရှိ ဦးချိန်သီးအိမ်ကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

 “တိုက်ပွဲထဲက ဗုံးတစ်လုံးက ဦးချိန်သီးအိမ်ကိုကျတော့ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦး သေတယ်။ တစ်ယောက် ခြေထောက်ပြတ်တယ်” ဟု ပြောသည်။

နောက်ထပ် ဗုံးတစ်လုံးမှာ ဂျိုင်ကောက်ကျေးရွာဟောင်းနှင့် ကျေးရွာသစ်ကို ဆက်သွယ်ထားသည့် တံတားအနီးတွင် ကျရောက်ပေါက်ကွဲ၍ လူကြီးတစ်ဦးသေဆုံးကာ မိန်းခလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒုတိယဗုံးက ရွာနှစ်ရွာကြားက တံတားအနီးကျတယ်။ အမျိုးသားကြီးတစ်ဦး သေတယ်။ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရတယ်။ သူက သွေးထွက်လွန်နေတော့ စိုးရိမ်ရတယ်” ဟု ပြောကြားသည်။

ယခုကျရောက်ပေါက်ကွဲသည့် ဗုံးမှာ မည်သည့်နေရာက ပစ်ခတ်သည်ကို ကျေးရွာသားများအနေဖြင့် သေချာမသိကြဟု ၎င်းက ပြောကြားသည်။ ဂျိုင်ကောရွာသည် ဂွမြို့မြောက်ဘက် မိုင်(၂၀) အကွာတွင် တည်ရှိပြီး ဆပ်သွားရွာနှင့် တံတားတစ်ခုသာခြားသည်ဟု သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် AAနှင့် စစ်ကောင်စီတပ်တို့ ဆပ်သွားရွာတံတားထိပ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လေယာဉ်ပျံလာသံများကို ကြားရသည်ဟု ၎င်းက ပြောဆိုသည်။

May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...
May 29, 2026
ပိုးဝါ — ရခိုင်ပြည်၊ ရမ်းဗြဲ၊ ကျောက်ဖြူ နယ်ခြားဒေသ၊ ပိန္နဲတောင်/မော်ဦးအနီး...
May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...