ကော့ကရိတ်နှင့် ကျုံဒိုးဒေသတွင် တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်နှင့် ကျုံဒိုးဒေသတွင် တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ရန်ကုတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နေရာနှင့် ကျုံဒိုး ခြေမြန်တပ်ရင်း- ခမရ ၅၄၅ စစ်တပ်နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်စစ်ကြာင်း များက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ကော့ကရိတ်တောင်ပိုင်း KNLA မဟာမိတ် ပူးပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ်က ‌“မနေ့ကတည်းကထိတွေ တိုက်ပွဲမြေပြင်မှာ ဖြစ်နေတယ်။ ဒရုန်းတွေ စစ်တပ်က အခုတလော ဗုံးကြဲတာများ လာတယ်။ PDF ဘက်လည်း ဒရုန်းနဲ့ ပြန်ချတာမျိုးရှိတယ်။ ခလရ ၉၇ နဲ့ စကခ ၁၂ ဘက်က ဒရုန်းတွေတက် တက်လာတယ်။ ကျုံဒိုး ၅၄၅ တပ်ဘက်ကလည်းဒရုန်းတက်တယ်။ အခုက အာရှလမ်း၊ ကျုံဒိုးရေပူ၊ ရန်ကုတ်၊ လှိုင်စိမ်းဘက်တွေ အလုံးကြီးသံတောက်လျှောက်ကြားနေရတယ်။” ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် အာရှလမ်းသစ်နှင့် ကော့ကရိတ်ရန် ကုတ်ရွာဘက်တွင် တပ်စွဲနေရာယူထားပြီး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ ၁၂၊ လှိုင်ဝ အမြောက်ကုန်း၊ ခြေလျင်တပ်ရင်း-ခလရ ၉၇ စစ်တပ်တို့က လက်နက်ကြီးပစ်ကူပေး ပစ်ခတ်မှုဆက်ရှိနေကြောင်း ဒေသခံ ရွာသားများက ပြောသည်။

“မနက်ကြီး ကတည်းက လက်နက်ကြီး ပစ်ထုတ်၊ ဒရုန်းတွေကလည်းကြဲချ၊ ရန်ကုတ်နဲ့ အာရှလမ်းဘက် သွား လို့မရတော့ဘူး၊ တိုက်ပွဲ ကြီးနေတယ်၊ အရပ်သား၊ ကျွဲနွားတွေ ထိခိုက်တာရှိတယ်။ ရွာသားတွေကတော့ ကြိုရှောင်နေတဲ့သူလည်း ရှိသလို မရှောင်ဘဲနေနေတဲ့သူလည်း ရှိတယ်”ဟု ထီဖိုးစံ ရွာသားတစ်ဦးက ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ ဆက်ရှိနေရာတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များက ကျုံဒိုးဘက်မှ စစ်ကူပို့ဆောင် ပေးနသလို ကော့ကရိတ်ဘက်မှ ထိခိုက်သေဆုံးသူများကို ဖားအံ တောင်ကလေး ဆေးရုံဘက်သို့ ပြန်လည်ပို့ ဆောင်ပေးမှုရှိနေကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...
April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...