အမ်းက စစ်ကောင်စီ တပ်ရင်းတစ်ခုကို AA ထပ်သိမ်း

အမ်းက စစ်ကောင်စီ တပ်ရင်းတစ်ခုကို AA ထပ်သိမ်း
နပခဌာနချုပ်၏ ကာကင်းစခန်း မဲတောင်ဗျူဟာကုန်းကို AA က အောက်တိုဘာလ ၇ ရက်တွင် အလုံးစုံသိမ်းပိုက်ပြီးနောက်။  (ဓာတ်ပုံ - AA Info Desk)
နပခဌာနချုပ်၏ ကာကင်းစခန်း မဲတောင်ဗျူဟာကုန်းကို AA က အောက်တိုဘာလ ၇ ရက်တွင် အလုံးစုံသိမ်းပိုက်ပြီးနောက်။ (ဓာတ်ပုံ - AA Info Desk)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်မြေပြင်အင်ဂျင်နီယာတပ် (BE) နှင့် ပဲပဒုံဂိတ်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ခမရ ၃၇၃၊ စစ်ဘက်ရေးရာလုံခြုံရေးတပ် (စရဖ)၊ ဆေးတပ်နှင့် ပူလောင်တောင်ကုန်းရှိ အမြောက်စခန်းတို့ကို သိမ်းပိုက်ပြီးနောက် ဆက်လက်ထိုးစစ်ဆင်ရာ နိုဝင်ဘာ ၂ ရက်တွင် BE တပ်ရင်းနှင့် ပဲပဒုံဂိတ်တို့ကို AA က  ထပ်မံ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

“အမ်းမှာ စအရ ၉၁၉ နဲ့ ပဲပဒုံဂိတ်ကို အေအေက သိမ်းထားပါပြီ။ တိုက်ပွဲကတော့ ဆက်လက် ပြင်းထန်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂ ရက်က စစ်မြေပြင်အင်ဂျင်နီယာတပ်(BE)နှင့် ပဲပဒုံဂိတ်တို့မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်ကို AA က လိုက်လံရှင်းလင်းခဲ့သဖြင့် ပဲပဒုံဂိတ်အနီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

AA သည် နပခတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ဝန်းရံပိတ်ဆို့ကာ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေသဖြင့် တိုက်ပွဲနေ့စဉ်ပြင်းထန်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းပစ်ကူကို အဓိကသုံး၍ ခုခံလျက်ရှိသည်။

“အမ်းကတော့ မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ မြို့ဟောင်းနဲ့ မြို့သစ်ကြားက ခမရ ၃၇၁ ကို အေအေက ရမယ်ဆိုရင်တော့ မြို့တွင်းကို တောက်လျှောက်ဝင်လာလို့ရနိုင်တဲ့ အနေအထားမျိုးရှိပါတယ်” ဟု မြေပြင်စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောသည်။

AA ထိုးစစ်အရှိန်အဟုန် မြင့်လာမှုနှင့်အတူ တပ်စခန်းများကျရှုံးပြီးနောက် နပခ ဒုတိုင်းမှူးနှင့်အဖွဲ့ ထွက်ပြေးသွားသလို မြေပြင်မှာလည်း တပ်ဖွဲ့အချို့ အာရက္ခတပ်တော်ထံ ထွက်ပြေးခိုလှုံမှုများရှိနေသည်။

အမ်းမြို့အခြေစိုက် နပခဌာနချုပ်မှာ စစ်ကောင်စီအတွက် စစ်ရေး၊ ဂုဏ်သိဏ္ခာပိုင်းအရ အရေးပါသလို အာရက္ခတပ်တော်အတွက်လည်း စစ်ရေးဗျူဟာအရ အရေးပါသော ဒေသတစ်ခုဖြစ်သည်။

နပခဌာနချုပ်၏ ကာကင်းစခန်း မဲတောင်ဗျူဟာကုန်းကို AA က အောက်တိုဘာလ ၇ ရက်တွင် အလုံးစုံသိမ်းပိုက်ပြီးနောက်။

(ဓာတ်ပုံ - AA Info Desk)

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...