စစ်ကောင်စီဖမ်းဆီးမှုကြောင့် သံဖြူဇရပ်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဖျက်သိမ်း

စစ်ကောင်စီဖမ်းဆီးမှုကြောင့် သံဖြူဇရပ်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဖျက်သိမ်း

မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့ ဖမ်းဆီးအမှုဖွင့်ခံရပြီးနောက် အသင်းကိုဖျက်သိမ်းလိုက်ပြီလို့ အသင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးရဲမင်းထိုက်အပါအဝင် အသင်းဝင်ကိုးဦးကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးစစ်ကြောမှုတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီနောက် အသင်းဝင်ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အောက်တိုဘာ ၉ ရက်နေ့မှာတော့ အသင်းဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ အသင်းဝင် ကိုပူတူးနဲ့ ကိုဝင်းကြည်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ညနဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။

အသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင် သုံးဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်လိုက်တာကြောင့် အသင်းဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အသင်းဝင်းအားလုံးနဲ့ အလှူရှင်တွေရဲ့ ဆန္ဒအရအသင်းကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အသင်းဖျက်သိမ်းလိုက်ပြီးနောက် အသင်းမှာအသုံးပြုနေတဲ့ လူနာတင်ယာဉ်ကားလေးစီးကို မြို့ပေါ် လူမှုကူညီအသင်းတစ်သင်းထံ လှူဒါန်းလိုက်ပြီး ရုံးအဆောက်အဦကိုလည်း ဖြိုချလိုက်ပြီလို့ ဆိုပါတယ်။

အသင်းရုံးအတွင်း ရုံးသုံးပရိဘောဂပစ္စည်း၊ ပန်ကာ၊ စားပွဲခုံတွေနဲ့ ရေပုံး၊ ဆိုလာ၊ ကယ်ဆယ်ရေးသုံးပစ္စည်းတွေ အားလုံးကို အသင်းသားတွေ ဖမ်းဆီးခံရချိန်မှာ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နဲ့ အပေါင်းအပါတွေက သိမ်းဆည်းသွားပြီး ဒီကနေ့ထိ ပြန်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

အမှုဖွင့်ခံရတဲ့ အသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်သုံးဦးကို စစ်ကြောရေးကနေ သံဖြူဇရပ်ရဲစခန်း အဲဒီကနေမှတဆင့် မော်လမြိုင်ထောင်ကို ပြောင်းလဲချုပ်နှောင်ထားပြီး မော်လမြိုင်ခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီကတော့ ဖမ်းဆီးအမှုဖွင့်လိုက်တဲ့ အသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်သုံးဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဖျက်သိမ်းလိုက်တဲ့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဟာ ၂၀၁၈ ခုနှစ်က မွန်ပြည်နယ်အစိုးရဆီမှာ အ သင်းအဖွဲ့ မှတ်ပုံတင်ထားပြီး ဒေသတွင်း ထိခိုက်လူနာတွေနဲ့ အရေးပေါ်လူနာတွေကို ကူညီကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း လူမှုကူညီရေးအသင်းဝင်တွေ မကြာခဏဆိုသလို ဖမ်း ဆီးစစ်ဆေးခံနေရပြီး အဲဒီထဲမှာ သံဖြူဇရပ်နဲ့မုဒုံမြို့နယ်က လူမှုကယ်ရေးအသင်းဝင်နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ထားပါတယ်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...