အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ

အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ

စစ်ရှိန်မြင့်တက်နေသော ရခိုင်ပြည်၊ အမ်းမြို့တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၂၉ ရက် လေကြောင်းဗုံးကြဲမှုကြောင့် မြို့ပေါ်ရှိ လေယာဉ်ကွင်းရပ်ကွက်၊ အေးမြသာယာရွာသစ် ရပ်ကွက်(ဂျင်ကုန်းရွာ)နှင့် မြို့မြောက်ဘက်ခြမ်းရှိ ရပ်ကွက်အချို့တွင် ကျရောက်ပေါက်ကွဲသဖြင့် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

"မြို့ထဲ ရပ်ကွက်တွေကိုလည်း ဗုံးတွေကြဲချလို့ ၈ ယောက်သေတယ်။ ဒဏ်ရာရတာကတော့ ၁၄ ယောက်ထက်မ နည်းရှိနိုင်တယ်။ ဂျင်ကုန်းရွာမှာလည်း ဗုံးငါးလုံးတိတိကြဲချခံရလို့ အဘွားအိုတစ်ယောက် သေတယ်။ လေး‌ယောက် ဒဏ်ရာရသွားတယ်။ နောက်ထပ်လည်း ရှိနိုင်တယ်။ ဆက်သွယ်ရေးအခက်အခဲရှိလို့ အဲလောက်ပဲပြောနိုင်မယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဗုံးကြဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်ကိုသိရှိနိုင်ရန်အတွက် DMG မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီက မြို့ပေါ်အထိ ဗုံးကြဲတိုက်ခိုက်မှုနှင့်အတူ အရပ်သားထိခိုက်သေဆုံးမှု အများအပြားရှိလာသဖြင့် ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြသည်။

လက်ရှိ အမ်းမြို့အဝင်/အထွက်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့ထားမှုကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့တိမ်းရှောင်၍မရဘဲ ပိတ်မိနေကြပြီး လုံခြုံရေးအပြင် စားနပ်ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

"မြို့ထဲမှာတောင် ဒီရပ်ကွက်ကနေ ဟိုရပ်ကွက်ကို သွားလို့ မရတော့ဘူး။ ရိက္ခာဆိုလည်း ကိုယ့်ရပ်ကွက်မှာ ရှာမရလို့ တခြားဘက်မှာ သွားရှာမယ်ဆိုရင်တောင် သွားလို့မရတော့လို့ လုံးဝပြတ်တဲ့အနေအထားမှာ ရှိနေပြီ" ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။

အမ်းမြို့ပေါ်ရှိဒေသခံများမှာ စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုထားခြင်းကိုခံနေကြရပြီး လေကြောင်း၊ လက်နက်ကြီးနှင့် အမြောက်သံများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့နေကြသည်။

စစ်ကောင်စီ၏ အကြီးဆုံးစစ်တိုင်းဌာနချုပ်ဖြစ်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်အဟုန်မြှင်တိုက်ခိုက်နေ၍ တိုက်ပွဲများမှာ နေ့စဉ်ပြင်းထန်လျက်ရှိသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့အစွန်ရှိ မင်းတုန်းချောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ- RFA
June 8, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့အနောက်ဘက်ခြမ်းရှိ...
June 8, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အာဏာသိမ်းစစ်တပ်က ဂျိုင်ရိုကော်ပတာ လေ့ကျင့်နေစဉ်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...