ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA သိမ်းပိုက်

ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA သိမ်းပိုက်

- ကချင်အထူးဒေသ ၁ တရုတ်-မြန်မာနယ်စပ်ဘက်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်နဲ့ မြို့ ၃ မြို့ကို KIA က သိမ်းပိုက်လိုက်ပြီး လက်ရှိ ပန်ဝါမြို့နဲ့ ကန်ပိုက်တီဘက်မှာ  တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

 

- ပူတာအိုမြို့နယ် လုံရှာယန်နဲ့ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာ အရပ်သားတွေကို တားဆီးစစ်ဆေးနှောင့်ယှက်နေတာကြောင့် ဒေသခံတွေ လုပ်ငန်းလုပ်ကိုင်ရာမှာ သွားရလာရခက်ခဲနေတယ်လို့ ပြောပါတယ်။  

 

- နိုင်ငံတကာအဆင့်မီပညာရေးသင်ယူခွင့်ရနိုင်ဖို့ UK အစိုးရရဲ့ထောက်ပံ့ပေးမှုနဲ့ Chevening Scholarship ပညာသင်ဆုမှာ မြန်မာပြည်က လူငယ် ၁၀ ဦးလည်း ပါဝင်ပညာသင်ယူနေတာဖြစ်ပြီး အဲဒီထဲမှာ မြစ်ကြီးနားက ကချင်တိုင်းရင်းသူလေး လကျန်းဂရိစ်လွမ်းနွယ် လည်း ပါဝင်ပါတယ်။ ရရှိလာတဲ့ပညာသင်ဆုနဲ့ ဘယ်ဘာသာရပ်ကို ဘာကြောင့်ရွေးချယ်သင်ယူခဲ့သလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်။

August 24, 2026
- စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ လုပ်ငန်းစဉ်အတွင်း ပြည်သူတွေ ပစ်မှတ်ထား...
August 24, 2026
- မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းတွေ အနည်းငယ်ကျဆင်းလာပေမဲ့ ဝယ်ယူမှုပမာဏ ကန့်သတ်ထားမှုနဲ့...
August 23, 2026
- တောင်မော်ဦးရေတပ်အနီးက ကာကင်းစခန်းတွေကို  AA က ဝင်ရောက်တိုက်ခိုက်ခဲ့လို့...
August 22, 2026
- ခရိုနီ ဦးမိုးကျော်ကို အကြံပေးခန့်အပ်တဲ့ကိစ္စကြောင့် မွန်လွှတ်တော်ကို အယုံအကြည် မဲ့လာတယ်လို့...