လေးကေ့ကော် စစ်ကောင်စီ စွယ်တော်အမြောက်ကုန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ အရာရှိနှင့် စစ်သည်အချို့ထွက်ပြေး

လေးကေ့ကော် စစ်ကောင်စီ စွယ်တော်အမြောက်ကုန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ အရာရှိနှင့် စစ်သည်အချို့ထွက်ပြေး

မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (အမြောက်တပ်စခန်း) ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA  နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်း ၄ နာရီကျော်အချိန်တွင် စခန်းတွင်းဝင်ရောက်သိမ်း ပိုက်နယ်မြေ ရှင်းလင်းနိုင် ကြောင်းစစ်ကြောင်း တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

” တိုက်နေတာကတော့ ၄ လလောက်ရှိပြီပေါ့၊ ဒရုန်းနဲ့ ကြဲ၊ သူတို့ကလည်းလေယာဉ်နဲ့ ဗုံးကြဲပေါ့။ အခု မနက် တော့သူတို့ ခံ မနိုင်တော့ဘူး။ စခန်းကျပြီ ၊ သူတို့တချို့ထွက်ပြေးကုန်တယ်။ လက်နက် ကတော့ရတာတွေရှိ ထားတယ်။ ဆက်ရှင်းရအုန်းမယ်နော်”ဟု KNLA မဟာမိတ်ကော်ပရာစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီ အမြောက်ကုန်းအား သိမ်းပိုက်ပြီးသည့် ဓါတ်ပုံများကိုလည်း Cobra စစ်ကြောင်းကထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီအရာရှိများအပါအဝင်စစ်သည်အချို့  မြို့ဝတီမြို့နယ် မေတ္တာလင်းမြိုင် ရွာဘက် သို့ စစ်စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “အမြောက်ကုန်းကတော့ ကျသွားပြီ။ အခုက ရွာသားတွေက လေယာဉ်လာကြဲမှာ ကြောက်နေကြတယ်၊ အဲ့ဒီကုန်းကစစ်သားတွေမြဝတီဘက်ထွက်ပြေးကြတယ်လို့ သိထားတယ်။ မေတ္တာလင်းမြိုင်ရွာဘက် ရောက်နေတယ် သူတို့(စစ်ကောင်စီတပ်) တွေ ဗျူဟာမှူး နဲ့ အရာရှိတွေပါတယ်တော့ ကြားတယ်”ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း) စစ်စခန်းသိမ်းပိုက်ရရှိပြီးနောက် ဝေါလေစစ်ဗျူဟာစခန်း၊ ဥကရစ် ထစစ်စခန်းအပြင် မြဝတီ မြို့ကို ထိန်းချုပ်နိုင်ရန် ဆက်လက် တိုက်ခိုက်ရန်ကျန်ရှိနေသေးကြောင်း သိရှိရသည်။

ယခု သိမ်းပိုက်ရရှိသည့် အမြောက်ကုန်း စစ်စခန်းမှာ စစ်ကောင်စီက KNU တပ်မဟာ ၆ နယ် မြေအတွင်း ၂၀၀၃ ခုနှစ်က ထိုင်း-မြန်မာ နယ်ခြားစစ်စခန်းအဖြစ် လာရောက်တပ်စွဲထားသည့် စခန်း ဖြစ်ပြီး တပ်မ ၂၂ ၊တပ်မ ၄၄ အပြင် ကမ်းရိုးတန်းတိုင်းလက်အောက်ခံတပ်ရင်းများလာရောက်တပ်ထိုင်ထားသည့် စစ်စခန်းဖြစ်သည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...