တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ်တွင် စစ်တပ်ဂိတ်တစ်ခုတွင် စစ်ပြေးရှောင်များ ရာနှင့်ချီပြီး ပိတ်မိနေ

တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ်တွင် စစ်တပ်ဂိတ်တစ်ခုတွင် စစ်ပြေးရှောင်များ ရာနှင့်ချီပြီး ပိတ်မိနေ

ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက် ဒေသခံရွာသားများ ဂွမြို့ပေါ်ဘက်ကို ထွက်ပြေးလာကြရာ စစ်ကောင်စီ စစ်တပ်ဂိတ်က ပိတ်ထားသည့် အတွက် သွားလာခွင့်ရရန် တစ်ရက်လုံးဂိတ်မှာ စောင့်နေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ ခေါင်းပေါ်က ဒရုန်းတွေလည်း ပျံတယ်။ စစ်တပ်က ဒရုန်းတွေ လွှတ်ထားတယ်ဆိုပြီး သွားခွင့် မပေးဘူး။ ဂွမြို့နယ် မြောက်ဘက်က နေ တောင်ဘက်ကို ပြေးကြတာပါ။ ဆိုင်ကယ် အစီး ၅၀ လောက် ရှိပါတယ်။ လူကတော့ ရာကျော်ပါမယ်။ တစ်နေ့လုံ လက်နက်ကြီးသံတွေကြားထဲမှာ စောင့်နေခဲ့ကြရတယ်” ဟု ပြောသည်။

စစ်ပြေးရှောင်များအား သွားလာခွင့်မပြုဘဲ ပိတ်ထားသောဂိတ်မှာ ဂွမြို့မြောက်ဘက် ဂွ-သံတွဲ ကားလမ်းပေါ်ရှိ ရွာသစ်ကုန်းတံတားဂိတ်ဖြစ်ကြောင်း သိရသည်။

“ ဂိတ်မနေ့ကလည်း  ပိတ်ထားတာက မနက်ကနေ ညနေ ၆ နာရီကျော်ထိပါ။ ၆ နာရီ ၃၀ လောက် နေဝင်ပြီးမှ ဖွင့်ပေးပါတယ်။ ဒီနေ့လည်းဆက်ပိတ်ထားတယ်။ အသက်လုထွက်ပြေးလာရသူတွေကို အခုလို သွားလာခွင့်မပေးဘဲ ပိတ်ထားတာ အရမ်းခံစားရပါတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပိတ်မိနေသော ဒေသခံကျေးရွာသားများမှာ ကူတို့လေးကျေးရွာ၊ သပြုချောင်းကျေးရွာ၊ ကြွေချိုင် ကျေးရွာနှင့် တိုင်ကျိုးကျေးရွာတို့ဖြစ်ကြပြီး အဆိုပါ ကျေးရွာများအနီးတွင် စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲအပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည်ဟု အဆိုပါအမျိုးသမီးက ပြောသည်။

၎င်းတို့ကျေးရွာအနီးအနားတွင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းကပါ တိုက်ခိုက်နေ၍ ကြောက်လန့်ပြီး ကျေးရွာများအတွင်းမှ စစ်ဘေးရှောင်ရန်  ယခုလို ဂွမြို့ဘက်ကို ထွက်ပြေး လာရသည်ဟု ပြောဆိုသည်။

ဒေသခံတစ်ဦးက " သူတို့ကမနေ့ကတည်းကဘဲ ထွက်လာကြတာပါ။ အခုကစစ်ပွဲပြင်းထန်ရုံမဟုတ်ဘဲ လေကြောင်းကလည်း ပစ်တယ်။ ကျေးရွာတွေကိုလည်း ဗုံးတွေကျတယ်။ အိမ်အထိအခိုက်နဲ့ လူ အထိအခိုက် ရှိတယ်။ ဒါကြောင့်မနေရဲတော့ဘူးလေ။ တစ်ယောက်မှ မကျန် အကုန်စစ်ဘေးရှောင် လွတ်ရာကို ပြေးလာကြတာပါ။  အခုကဒီမှာ ရွာသစ်ကုန်းတံတား စစ်တပ်ဂိတ်မှာ ပိတ်မိနေပြီ"ဟု ပြောကြားသည်။

စစ်ဘေးရှောင်များနှင့် အတူ ပါလာသော ကားနှင့် ဆိုင်ကယ်များသည် ရွာသစ်ကုန်းကျေးရွာမှ အလယ်ချောင်းဘုရားနားထိ ၃ဖာလုံခန့်  ရှည်ဖြစ်နေပြီး သူတို့ကိုစစ်ကောင်စီက ပိတ်ပင် ထားသဖြင့် အခက်အခဲဖြစ်နေကြသည်ဟု ၎င်းတို့က ပြောဆိုသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...