ဆိုမိုဖေစိုးလေးမြို့နယ်မှာ ရေဘေးကြောင့် ကျေးရွာ (၄)ရွာက အိမ်ခြေ (၂၀၀) နီးပါး ပျက်စီးပြီး လူဦးရေ (၉၀၀) ကျော် အိုးအိမ်မဲ့ဖြစ်

ဆိုမိုဖေစိုးလေးမြို့နယ်မှာ ရေဘေးကြောင့် ကျေးရွာ (၄)ရွာက အိမ်ခြေ (၂၀၀) နီးပါး ပျက်စီးပြီး လူဦးရေ (၉၀၀) ကျော် အိုးအိမ်မဲ့ဖြစ်

ကရင်နီပြည် ဆိုမိုဖေစိုးလေး မြို့နယ်(ရှားတောမြို့နယ်)မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ပွန်ချောင်းအနီးအနားမှာ နေထိုင်ကြတဲ့ ကျေးရွာ (၄) ရွာက နေအိမ်တွေ (၂၀၀)နီးပါး ပျက်စီးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဆိုပါ ကျေးရွာ ၄ ရွာကတော့ ပွန်ချောင်း၊ ဆုဖဲလော ၊ နော်ပလု ၊ သေးလဲရွာ တို့ဖြစ်ပါတယ်။ နေအိမ်ပျက်စီးမှုအပြင် ဒေသခံတွေစိုက်ပျိုးထားတဲ့ စပါး၊နှမ်း၊ပြောင်း စတဲ့ သီးနှံတွေလည်း ဧကပေါင်း (၈၂၃) ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရေပြန်လည်ကျဆင်းပေမယ့် ဒေသခံတွေစိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးသွားတာကြောင့် ဒေသခံတွေဟာ တစ်ရက်လုပ်၊ တစ်ရက်စား ပုံစံနဲ့ ဝမ်းရေးဖြေရှင်းနေရတယ်လို့ သိရပါတယ်။ ဒေသခံတွေကတော့ ရေရှည်မှာ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးသူတစ်ဦးဖြစ်တဲ့ မော်မဲမိုက ပြောပါတယ်။

“ရွာကတော့ (၄) ရွာ ရေဘေးသင့် ထဲမှာကြုံတွေ့နေရတယ်ပေါ့နော်။ သူတို့ စိုက်ပျိုးထားတဲ့ သီးနှံဆိုရင်ဧကပေါင်း (၈၂၃)ကျော်လောက် ပျက်စီးသွားတာကို တွေ့ရတယ်။ လက်ရှိမှာခါကျတော့ သူတို့ဘာမှတော့ လုပ်စရာမရှိသေးဘူး။ ဒီတိုင်းပဲ ရှိတဲ့ဟာလေးနဲ့ပဲ စားဝတ်နေရေးအတွက် တစ်ရက်လုပ်တစ်ရက်စားနေရတဲ့ အခြေအနေမျိုးမှာပဲ ရှိတယ်။အခုလောလောဆယ် သူတို့စိုးရိမ်ပူပန်တာကတော့ သူတို့ စားဝတ်နေရေး အတွက် သူတို့စိုးရိမ်ပူပန်နေတယ်” လို့ မော်မဲမိုက ပြောပါတယ်။

ရေဘေးသင့် အရေးပေါ် တုံပြန်ဆောင်ရွက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် အောက်တိုဘာလ (၂) ရက်နေ့မှာ လွိုင်ကော်မြို့နယ်နှင့် ဆိုမို/ဖေးစိုးလေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး Emergency Response Coordination Team (ERCT)ကို ဖွဲ့ စည်းခဲ့ပါတယ်။ လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ အစီအစဉ်တွေ ရေးဆွဲနေဆဲ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“ဒီ ERCT အဖွဲ့ကိုတော့ ကျမတို့ ဖွဲ့ပြီးသွားပြီ။လက်ရှိမှာတော့ သူတို့ ကူညီပေးနိုင်ဖို့ လုပ်ငန်းတွေ plan တွေ အဲ့လိုမျိုးတွေတော့ ချနေတဲ့ အခြေအနေပဲ ရှိသေးတယ်။ ဖွဲ့တာလည်းသိပ်မကြာသေးဘူးပေါ့နော်။နောက်တခုက မဖွဲ့ ခင်ကတည်းက ကူညီထားပြီးသားအရာတွေလည်း ရှိပြီးသားပေါ့နော်။ဖွဲ့ပြီးတော့ ဆက်လက်ကူညီပေးဖို့လည်း ရှိနေတယ်”လို့ မော်မဲမိုက ဆက်ပြောပါတယ်။

နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေအတွက် အကူအညီလိုအပ်နေဆဲဖြစ်ပြီး လက်ရှိမှာတော့ ဆွေမျိုးနီးစပ်သူတွေရဲ့နေအိမ်မှာ စုပေါင်းနေတာ ၊ တဲထိုးပြီး နေထိုင်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...
April 1, 2026
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ...