စကခ (၅) ဌာနချုပ်နှင့် တောင်ကုတ်မြို့ကို သိမ်းပိုက်ရန် AA ပြင်ဆင်

စကခ (၅) ဌာနချုပ်နှင့် တောင်ကုတ်မြို့ကို သိမ်းပိုက်ရန် AA ပြင်ဆင်

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း ခမရ (၃၄၆)၊ ခမရ (၅၄၄) အပါဝင် အခြားသောစခန်းများကို ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ်သိမ်းပိုက်ရန် ဆောင်ရွက်နေကြောင်း AA က အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ဒေသတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) ကျောက်တော်၊ စကခ (၁၅) ဘူးသီးတောင်နှင့် စကခ (၅) တောင်ကုတ် ဟူ၍ စကခသုံးခုရှိပြီး အမှတ်  (၉) နှင့် (၁၅) ကို AA က သိမ်းပိုက်ထားသည်။

တောင်ကုတ်ဒေသခံတစ်ဦးက “တောင်ကုတ်မှာ စစ်ကောင်စီက ဒီရက်ပိုင်း လေကြောင်းကနေ အရပ်သားတွေကို တိုက်ခိုက်လာနေတာကြောင့် သူတို့ရဲ့တပ်စခန်းတွေကို AA ဖက်က သိမ်းပိုက်ဖို့ ကြိုးပမ်းလာတာ ဖြစ်နိုင်တယ်။ မြို့ခံတွေကတော့ မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် အနည်းငယ် လှုပ်လှုပ်ခတ်ခတ်တော့ ရှိနေကြတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင်  ယခုလ ပထမပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၁၀ ကျော်အထိ ရှိခဲ့သည်။

လက်ရှိတွင် တောင်ကုတ်မြို့ အဝင်အထွက်များကို စစ်ကောင်စီက လုံခြုံရေး အထပ်ထပ် ချထားပြီး ဒေသခံများ သွားလာမှုကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ပြုလုပ်နေသည်။

ယင်းအပြင် တောင်ကုတ်မြို့အဝင် ကားလမ်း၊ တက္ကသိုလ်ထွက်ဝ လမ်းပိုင်းနေရာများကိုလည်း ဘတ်ဟိုးများဖြင့် တူးကာ ဖျက်ဆီးထားကြောင်း သိရသည်။

တောင်ကုတ်မြို့ခံ နောက်တစ်ဦးက “စကခ(၅)အထဲက လက်နက်ကြီးပစ်ခတ်သံတွေ မကြာခဏကြားနေရတယ်။ ဘယ်ကိုလှမ်းပစ်တယ် ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ ဇွန်လတိုက်ပွဲ စဖြစ်ကတည်းက စစ်ကောင်စီက မြို့အဝင်အထွက်မှာ တော်တော်လေးတင်းကျပ်ထားသလို အခုလည်း တပ်ရင်းတွေအနီးမှာ ဘန်ကာတွေ တိုးပြီး တည်ဆောက်ထားတာကို တွေ့ရတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် AA တို့ အမ်း၊ ဂွနှင့် မောင်တောမြို့နယ်များ၌ တိုက်ပွဲများရှိနေပြီး စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ရေးတင်းမာနေသည်။

ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...