ပန်းနီလာဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပန်းနီလာဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာရှိ အရပ်ဖက်ဆေးရုံကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှာ ၁ နာရီခွဲအချိန်တွင် ဂျက်

တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပန်းနီလာစာသင်ကျောင်းတွင် ယာယီဖွင့်လှစ်ထားသည့် ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်စဉ် ဆေးရုံအနီးတွင် ကျရောက်ပေါက်ကွဲကာ အဆောက်အုံအချို့ ပျက်စီးသွားကြောင်း သိရသည်။

ဒေသနေ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “မနက်စောစော ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ လာပြီးပစ်သွားတာ။ ကံကောင်းလို့ ဆေးရုံပင်မအဆောင်မှာ မထိဘဲ ဆေးရုံနောက်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ ဆေးကုသနေသူတွေ ဝန်ထမ်းတွေတော့ ထိခိုက်မှုမရှိဘူး။ အဆောက်အုံတွေကတော့ ပျက်စီးသွားတာတွေရှိတယ်။ ဒီဆေးရုံက စစ်ဖက်ဆိုင်ရာနဲ့ ဘာမှသက်ဆိုင်မှုမရှိဘဲ အရပ်သားတွေကို ဆေးကုသနေတဲ့ ဆေးရုံသာ ဖြစ်တယ်” ဟု ပြောသည်။

ပန်းနီလာဆေးရုံသည် ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲပြီးနောက် ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံကို ပန်းနီလာကျေးရွာ စာသင်ကျောင်းတွင် ယာယီ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အရပ်သားများအား ဆေးကုသပေးနေသည့် ဆေးရုံကို လေကြောင်းတိုက်ခိုက်ခြင်းအပေါ်  လက်ခံနိုင်စရာ လုံးဝမရှိကြောင်း  ပုဏ္ဏားကျွန်းမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

“ဆေးကုသနေတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကို ပြသနေတာဖြစ်တယ်။ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရာဇဝတ်မှုကျူးလွန်နေတာတွေကို နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူမှုတွေလုပ်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ရခိုင်တိုက်ပွဲအတွင်း  မြို့နယ် ၄ ခုက ဆေးရုံ ၄ ခုထက်မနည်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဆေးကုသနေသည့် အရပ်သားများ၊ ကလေးငယ်များ၊ အမျိုးသမီးများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့က တောင်ကုတ် တန်းလွဲရွာမမြို့နှင့်၊ မောင်တော ခရေမြိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးပြီး၊ နောက် ထပ် ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ရခိုင်ပြည်တွင် အောက်တိုဘာ ၁ ရက်နေ့မှ ယနေ့ ၈ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင်း အရပ်သားသေဆုံးသူ ၅၀ နှင့် ဒဏ်ရာရသူ ၂၀ အထိရှိကြောင်း DMG ၏ စာရင်း ပြုစုချက်အရ သိရသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...