ဂွမြို့နယ်တွင် နေရာ ၂ ခုတွင် တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက ဗုံးကြဲ၍ ကျေးရွာတစ်ရွာမီးလောင်

ဂွမြို့နယ်တွင် နေရာ ၂ ခုတွင် တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက ဗုံးကြဲ၍ ကျေးရွာတစ်ရွာမီးလောင်

ရခိုင်ပြည်၊ တောင်ဖက်အစွန်ဆုံးတွင် တည်ရှိသော ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ နေရာ ၂ ခုတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

“ တိုက်ပွဲက ပြင်းထန်နေသလို နေရာ ၂ ခုထိ ဖြစ်လာတော့ ပိုကျယ်ပြန့်လာတဲ့ သဘောပါ”ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ ဘဝင်ရွာနားတွင်တစ်နေရာဖြစ်ပြီး ကိုင်းခုံရွာနှင့် ဆားချက်ရွာ အကြားတွင်လည်း ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကောင်စီဖက်မှ အဆိုပါ နေရာ ၂ ခုစလုံးကို  လေကြောင်းမှ ပစ်ကူပေးနေပြီး ကျေးရွာများအတွင်းသို့ ဗုံးကြဲချနေ၍ ကျေးရွာအချို့ မီးလောင်နေသည်ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ဆက်လက်ပြောကြားသည်။

" ဆားချက်ရွာနဲ့ ကိုင်းခုံရွာနားမှာတော့ တိုက်ကဖြစ်နေတာသုံးလေးရက်ရှိနေပြီ။ ဘဝင်ရွာနားမှာတော့ ဒီနေ့ဘဲ ဖြစ်တာပါ။ စစ်ကောင်စီက ဒီနေ့ ဆားချက်ရွာဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၆ ကြိမ်ချတယ်။ ဆားချက်ရွာကတော့ မီးခိုးတွေထွက်လို့ မြင်တယ်။ နေအိမ်အပျက်အစီးနဲ့ ရွာသားအထိအခိုက်တော့ မသိရသေးဘူး " ဟု ၎င်းကပြောသည်။

၎င်းပြင် စစ်ကောင်စီတပ်ဘက်က  အကျအဆုံးများနေသည်ဟု သတင်းကြားသိရကြောင်း ၎င်းက ပြောသည်။

“  သူတို့ (စစ်တပ်) က နယ်မြေလည်း မကျွမ်းဘူး။ ညီညွတ်မှုလည်း မရှိဘူး။ တိုက်ရင် ထွက်ပြေးမယ်။ လက်နက်ချမယ်။ ဒါမျိုးတွေဖြစ်နေတယ်။ ဧရာ၀တီတိုင်းဘက်က ပို့တဲ့ ပြည်သူ့စစ်မှုတွေ တော်တော် အကျများနေသလို ထွက်ပြေးတာလည်း များနေတယ်။ ကုလားပြင်သင်္ချိုင်းမှာ မြှုပ်တဲ့ စစ်သားတွေ များနေတယ်”ဟု ပြောသည်။

ဆားချက်ကျေးရွာမှ ကောင်းကင်သို့ ထွက်လာသည့်မီးခိုးလုံးများကို အဝေးက လှမ်းမြင်နေသည် ဟုလည်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

“ သေနတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ လေယဉ်လည်း လာတယ်။ ဗုံးကြဲတဲ့အသံတွေ ကျွန်မတို့ ရွာကနေထိ ကြားရတယ်။ ဒီနေ့ဆားချက်ရွာ မီးခိုးတွေ ထွက်လာတာကိုလည်း မြင်ရတယ်” ဟု ယနေ့ ညနေပိုင်းက ပြောကြားသည်။

စစ်ပွဲများကို အနီးကပ်စောင့်ကြည့်နေသူ တစ်ခြားသံတွဲဒေသခံတစ်ဦးကလည်း ကုလားပြင်ရွာ အထက် အောက်ဘ၀င်မှာ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သားများ စစ်ကူလိုက်သွားသည်ကို မြင်တွေ့ရသည်ဟု ပြောဆိုသည်။

ဂွမြိုနယ်တွင် တိုက်ပွဲများ နေ့တိုင်းလိုလို ဖြစ်ပွားနေပြီး တဖြည်းဖြည်း ဂွမြို့နှင့် နီးကပ်လာသည်ဟု သိရသည်။

ဂွမြို့ကိုAA ၏ထိုးစစ် တဖြည်းဖြည်းနှင့် နီးကပ်လာသဖြင့်  ဂွမြို့ရှိ ခမရ (၅၆၃) နှင့် (၅၆၂) တပ်ရင်း ၂ ရင်းတွင်  အေအေ၏ထိုးစစ်ကိုခုခံနိုင်ရန် ဧရာ၀တီတိုင်းမှ စစ်ကူလာသော စစ်သားများဖြင့် ခုခံရန် ပြင်ဆင်နေသည်ဟု သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...