မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၇၀၀ နီးပါး ထပ်မံဝင်ရောက်

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၇၀၀ နီးပါး ထပ်မံဝင်ရောက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀ နီးပါး ထပ်မံဝင်ရောက်လာသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ပြီးခဲ့သည့်အပတ် စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာစစ်ဘေးရှောင် (၆၇၉) ဦးသည် ဆိုင်းသွာလ်းခရိုင်ထဲဝင်ရောက်လာခဲ့ကြသည်ဟု All india Radio News Aizawl က ဖော်ပြသည်။

ဆိုင်းသွာလ်းခရိုင်တွင် ယခင်က စစ်ရှောင်စခန်း (Relief Camp) မရှိဘဲ ယခုအခါ စစ်ရှောင်စခန်း ၃ ခုဆောက်လုပ်ပြီး လူဦးရေ ၈၉ ယောက်နေထိုင်ကြသည်ဟု သိရသည်။

မြန်မာစစ်ဘေးရှောင်များအနက် စစ်ရှောင်စခန်းတွင်မနေဘဲ စခန်းပြင်ပ အသိဆွေမျိုးများထံနှင့် အိမ်ငှားဖြင့်နေထိုင်သူ ယခင်က ၂၂၇ ယောက်ရှိခဲ့ရာမှ ယခုအခါ စစ်ရှောင် ၅၈၇ ယောက် ထပ်တိုးလာသည့်အတွက် စခန်းပြင်ပတွင်နေထိုင်သူ စစ်ရှောင် ၈၁၄ ယောက်ရှိသွားပြီဟု သိရသည်။

ယခုအသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များအနက် ၂၁၀ မှာ အမျိုးသားများဖြစ်ကြပြီး ၂၄၇ မှာ အမျိုးသမီးနှင့် ၂၂၂ ယောက်မှာ ကလေးငယ်များဖြစ်ကြသည်ဟု ဆိုသည်။

လက်ရှိတွင် ဆိုင်းသွာလ်းခရိုင်တစ်ခုလုံးမှာ မြန်မာစစ်ဘေးရှောင် ၉၀၆ ယောက်ရှိပြီး အမျိုးသား ၂၇၄၊ အမျိုးသမီး ၃၀၆ နှင့် ကလေးငယ် ၃၂၆ တို့ဖြစ်သည်။

ယခု ဆိုင်းသွာလ်းခရိုင်ထဲ ထပ်မံဝင်ရောက်လာကြသည့် မြန်မာစစ်ဘေးရှောင်များမှာ ဘယ်ဒေသကရောက်လာကြသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ယခု မြန်မာစစ်ဘေးရှောင်အသစ်များ မဝင်လာခင်မှာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင်ထဲက မြန်မာစစ်ဘေးရှောင် ၉၂၁ ယောက်နှင့် မာမစ်ခရိုင်ထဲက ၇ ယောက် စုစုပေါင်း ၉၂၈ ယောက်သည် ၎င်းတို့နေထိုင်ရာတွင် မရှိကြတော့ဘဲ ဘယ်နေရာကို ပြောင်းရွှေ့သွားသလဲဆိုသည်ကို မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာနက မသိရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ယခုလက်ရှိ မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၃၃၇၁၂ ဦးရှိပြီး ယင်းတို့အနက် ၁၀၁၁၉ ဦးမှာ အမျိုးသားများဖြစ်ကြပြီး ၁၀၇၈၂ ဦးမှာ အမျိုးသမီးများနှင့် ၁၂၈၁၁ ဦးမှာ ကလေးငယ်များဖြစ်ကြသည်ဟု သိရသည်။

စစ်ဘေးရှောင်များနက် ၁၆၇၀၄ မှာ စစ်ရှောင်စခန်း ၁၃၂ ခုမှာနေထိုင်ကြပြီး ၁၇၀၀၅ ဦးမှာ စခန်းပြင်ပမှာ နေထိုင်ကြသည်ဟု သိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...