စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းမှု အငြင်းခံရ

စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းမှု အငြင်းခံရ

နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းမှုအပေါ် တော် လှန်‌ရေးအင်အားစုအသီးသီးက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။

အရေးနိမ့်မှုတွေများစွာ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး လွှတ်တော်လမ်းကြောင်းကနေ နိုင်ငံရေးနည်းလမ်းနဲ့ရှင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေကို သပ်လျှိူဖြိုခွဲဖို့ဖြစ်တာကြောင့် ဟန်ပြဖိတ်ခေါ်မှုကို ပြတ်ပြတ်သားသားပယ်ချတယ်လို့ NUG နဲ့ NUCC တို့က သဘောထားထုတ်ပြန်ပါတယ်။

တော်လှန်‌ရေးအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့တာတွေ မြို့ ရွာတွေကို ဗုံးကြဲမီးရှို့တာတွေ ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေ မရပ်မနားပြုလုပ်နေပြီး တစ်ဘက်က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တာဟာ ယုတ္တိမရှိတဲ့လုပ်ရပ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်အာဏာသိမ်းချိန်ကတည်းက ပျက်ပြယ်ပြီးဖြစ်သလို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့အတွက် အဲဒီဖွဲ့စည်းပုံကို အ သုံးပြုတဲ့ ဘယ်နိုင်ငံရေးလမ်းကြောင်းကိုမှ လက်မခံဘူးလို့ NUG နဲ့ NUCC တို့က အတိအလင်း ကြေညာလာတာပါ။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင် နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ အာရက္ခတပ်တော် AA အပြင် PDF အဖွဲ့တွေနဲ့ အခြားတော် လှန်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီကမ်းလှမ်းမှုကို လက်မခံဘူးလို့ ထုတ်ပြောထားကြပါတယ်။

စစ်ကောင်စီကမ်းလှမ်းမှုဟာ ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတာဖြစ်တဲ့အတွက် အယုံအကြည် မရှိဘူးလို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မြန်မာတနိုင်ငံလုံးက လက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်ပြီးမှ လာပြောနေတာကတော့ မအလက ဆိတ်ခေါင်းချိတ်ပြီးတော့ ခွေးသားရောင်းနေတာဖြစ်တယ်။ ဒါကို ဘယ်သူမှလည်း အယုံအကြည်ရှိမှာမဟုတ်ပါဘူး ”လို့ ဆိုပါတယ်။

စစ်ကောင်စီကတေ့ လက်နက်ကိုင်လမ်းစဉ်ကြောင့် နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုလို့ ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့ဆိုပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အကြောင်းပြထားတာပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအပါအဝင် ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေနဲ့အတူ ငြိမ်း ချမ်းရေးကိုလိုလားတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရဲ့ သဘောဆန္ဒတွေကြောင့်လို့ စစ်ကောင်စီက ထုတ်ပြောထားပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ တရားမဝင်တဲ့ စစ်ကောင်စီကို တရားဝင်ဖြစ်အောင် လုပ် ဆောင်မှာမဟုတ်ပဲ စစ်တပ်နိုင်ငံရေးကနေ အပြီးတိုင်ထွက်ခွာပြီး ကျူးလွန်ခဲ့တာတွေအတွက် အ ပြစ်ပေးအရေးယူဖို့ လက်ခံမှသာ ဆွေးနွေးနိုင်မယ်လို့ တုံ့ပြန်ထားကြပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...