ဧရာဝတီတိုင်းရှိ ရခိုင်စစ်ရှောင်များအား စစ်ကောင်စီက သံသယနဲ့စောင့်ကြည့်ပြီး တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းစစ်နေ

ဧရာဝတီတိုင်းရှိ ရခိုင်စစ်ရှောင်များအား စစ်ကောင်စီက သံသယနဲ့စောင့်ကြည့်ပြီး တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းစစ်နေ

ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီထံ သံသယနှင့်စောင့်ကြည့်ခံနေရပြီး တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းစစ်ဆေးမှု ခံယူနေကြရကြောင်း ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ထဲမှ ကျုံပျော် ၊ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း စသည့်မြို့နယ်များသို့ စစ်ဘေးရှောင်ခိုလှုံနေသော ရခိုင်ပြည်သူများကို အဓိကထား စောင့်ကြည့်ကာ ဧည့်စာရင်း စစ်ဆေးမှုခံယူနေရခြင်းဖြစ်သည်ဟု ရခိုင်စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

" ကျုံပျော်ခရိုင်ထဲက မြို့နယ်တွေမှာ ရခိုင်စစ်ဘေးရှောင်တွေကို စကစက သံသယနဲ့ အမြဲစောင့်ကြည့်နေတယ်။ နေရထိုင်ရတာလွတ်လပ်မှုမရှိဘူး။ အတော်တင်းကျပ်ထားတယ်။ တစ်ပတ်တစ်ကြိမ်ဧည့်စာရင်းစစ်တယ်" ဟု ပြောသည်။

တစ်ပတ်တစ်ကြိမ်ဧည့်စာရင်းစစ်ဆေးရာတွင် ယခင်တိုင်ကြားထားသည့် ဧည့်စာရင်းမှ လူများလျော့သွားခြင်းရှိမရှိနှင့် အသစ်ရောက်ရှိနေသူများရှိမရှိတို့ကို အဓိက စစ်ဆေးနေကြောင်း သိရှိရသည်။

" သတင်းတွေထွက်နေတာကတော့ စကစအနေနဲ့ ဧရာဝတီတိုင်းထဲကို AA တွေရောက်လာမှာ အထူးကြောက်နေတယ်။ စစ်ဘေးရှောင်တွေကိုစစ်ဆေးတဲ့အခါလည်း လူငယ်လူရွယ်တွေ ဆိုရင် တင်းတင်းကျပ်ကျပ်စစ်ဆေးတယ်"ဟု အဆိုပါရခိုင်စစ်ဘေးရှောင်အမျိုးသားက ပြောသည်။

သံတွဲမြို့နယ်တိုက်ပွဲများနှင့် ဧရာဝတီတိုင်းနယ်စပ် ဂွမြို့နယ်တိုက်ပွဲများအတွင်း ရခိုင်ပြည်သူ အများအပြားမှာ ဧရာဝတီတိုင်းထဲသို့ စစ်ဘေးရှောင်ခိုလှုံရောက်ရှိနေကြခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကုလားပြင်းကျေးရွာအနီးတို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီအနေဖြင့် AA ၏ထိုးစစ်ကြောင့် ရခိုင်ကမ်းရိုးတန်းတောင်ဘက် သံတွဲကို လက်လွှတ်ခဲ့ရပြီး ဖြစ်သလို ဂွမြို့နယ်အထိ တိုက်ပွဲများကျယ်ပြန့်လာသည်နှင့်တပြိုင်နက် ဧရာဝတီတိုင်းဘက်ရောက်ရှိလာသည့် ရခိုင်ပြည်သူများအပေါ် စစ်ရေး၊ နိုင်ငံရေး အငြိုးအတေးဖြင့် ချိုးနှိမ်ဆက်ဆံနေခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။

June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...