ပေါက်တော အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါကြောင့် ကလေး ၆ ဦးအပါအဝင် ၇ဦးသေဆုံး

ပေါက်တော အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါကြောင့် ကလေး ၆ ဦးအပါအဝင် ၇ဦးသေဆုံး

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး ၅ နှစ်အောက် ကလေးငယ် (၆) ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၇ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၄ ရက်က ကလေးငယ် (၄)ဦး၊ ၈ ရက်က ကလေးငယ် (၂)ဦးနှင့် ၁၇ ရက်က အမျိုးသမီးကြီး (၁) ဦးတို့သည် ဝမ်းပျက်ဝမ်းလျော သေဆုံးသွားခြင်းဖြစ်သည်ဟု စခန်း တာဝန်ရှိသူက ပြောသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါကို စက်တင်ဘာလ ၃ ရက်မှစတင်ကာ ကလေးငယ်များမှ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူတစ်ယောက်က ပြောသည်။

" ကျနော်တို့က ဒုက္ခသည်စခန်းမှာ နေရတာဆိုတော့ အပူချိန်များရင်လည်း အဆင်မပြေ၊ ရေလည်း အဆင်မပြေဘူး။ ကလေးငယ်တွေက စပြီးတော့ဖြစ်တာ။ အခုက လူကြီးတွေလည်း ဖြစ်တယ်" ဟု ပြောသည်။

အဆိုပါစခန်းတွင် လက်ရှိအချိန်ထိ ဝမ်းရောဂါဖြစ်ပွားနေသူဦးရေ ၂၅၀ ကျော်အထိရှိကာ ဆေးဝါးကုသရန် ခက်ခဲနေကြသည်ဟု သိရသည်။

မွတ်ဆလင်ဒုက္ခသည်များကို ယခင်က နယ်စည်းမခြားဆရာဝန်များ (MSF)အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သော်လည်း ယခုတွင် ယင်းအဖွဲ့အစည်းများကလည်း ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ပေးနိုင်ခြင်းမရှိဟု စခန်းတာဝန်ရှိသူက ဆက်ပြောသည်။

" ကျန်းမာရေးစောင့်ရှောက်ပေးတာက MSF အဖွဲ့တစ်ခုရှိပါတယ်။ အဲအဖွဲ့လည်း လာပြီးတော့ ကုသဖို့အတွက် အဆင်မပြေဘူး။ မြေပြင်မှာရှိတဲ့ သူတို့ရဲ့ စေတနာ့ဝန်ထမ်းတွေမှာလည်း ဆေးဝါးတွေမရှိဘူး။ ဒါပေမဲ့ ဒီလိုရောဂါဖြစ်နေတဲ့သူတွေကို ဘယ်လိုထားရမယ်။ ရေတွေကို ဘယ်လိုတိုက်ရမယ်ဆိုပြီးတော့ အဲလိုမျိုး ပညာပေးပြီးတော့ စောင့်ရှောက် ပေးနေတာတွေ ရှိတယ်"ဟု ပြောသည်။

ယင်းရောဂါကြောင့် နောက်ထပ် ရောဂါဝေဒနာခံစားနေရသူများလည်း အသက်ဆုံးရှုံးမှာကို စိုးရိမ်နေကြသည်။

အနောက်ရဲမွတ်ဆလင် ဒုက္ခသည်စခန်းတွင် ကျား ၂၃၉၁ ဦး၊ မ ၃၄၀၇ ဦးရှိကာ လူဦးရေစုစုပေါင်း ၅၇၉၈ ဦးရှိပြီး အိမ်ထောင်စုစုပေါင်း ၁၁၉၇ စုရှိကြောင်းသိရှိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မွတ်ဆလင်ဒုက္ခသည်များလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၈၀ နီးပါး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...