ဖယ်ခုံအင်း ရေလွှတ်ချမှုနဲ့အတူ မိုးရေကြောင့် ဘီလူးချောင်းဘေးတစ်လျှောက် နဲ့ လွိုင်ကော်မြို့ပေါ်မှာ ရေလွှမ်းနေ

ဖယ်ခုံအင်း ရေလွှတ်ချမှုနဲ့အတူ မိုးရေကြောင့် ဘီလူးချောင်းဘေးတစ်လျှောက် နဲ့ လွိုင်ကော်မြို့ပေါ်မှာ ရေလွှမ်းနေ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် ဘီလူး‌ချောင်းဘေးတစ်လျှောက်နဲ့ လွိုင်ကော်မြို့ပေါ်နေရာအများစုမှာ ရေလွှမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာ လတ်တလော ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက် နေတာဖြစ်ပြီး အခြေအနေအသေးစိတ်မေးမြန်းနိုင်ဖို့ ခက်ခဲနေပါတယ်။ MPT ဖုန်းလိုင်းနေရာတချို့မှာ ရနေတယ်လို့လည်း ပြောဆိုကြပေမယ့် နေရာတိုင်းကို ဆက်သွယ်လို့ မရသေးပါဘူး။

မြို့ပေါ်ဒေသခံတွေရဲ့ ၈၀ ရာခိုင်နှုန်းကလည်း စစ်ဘေးရှောင်နေရတာပါ။ ဒါ့ကြောင့် မြို့ပြင်ကို စစ်ဘေးရှောင်နေတဲ့ ဒေသခံတစ်ဦးက ရေဘေးကြောင့်အိမ်တွင်း အပျက်အစီးကိုတော့ တိတိကျကျ မသိရဘူးလို့ ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“ခုက ရေပိုကြီးတယ်။ အရင်က အခုလောက်မကြီးဘူး။ ရှမ်းပြည်ဖက်က ရေကျရင် ကယားပိုဆိုးမှာ။ ရေတွေအကုန် ကယား လောပီတ ရောက်မှာလေး။ အရင်က ရေက ဖြည်းဖြည်းချင်းတက်လာတာ ခုနဲ့မတူဘူး။ စစ်ဘေးတွေရှောင်နေရတော့ ပစ္စည်းသိမ်းချိန်မရ။ အိမ်ထဲ လျှပ်စစ်ပစ္စည်း အကုန်မြှုပ် ကုန်နေလောက်ပြီပေါ့” လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ် အင်းလေးကန်မှာလည်း သမိုင်းတစ်လျှောက် စံချိန်တင်ရေမြှင့်တက်နေပါတယ်။ မိုးဗြဲရေကာတာ -ဖယ်ခုံအင်း-အင်းလေးကန် တို့က တစ်ဆက်ထဲဖြစ်လို့ ရှမ်းပြည်ဘက်က ရေတွေစီးဆင်းလာရင် လွိုင်ကော်မြို့မှာ သက်ရောက်မှုပိုကြီးနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့ပေါ်ရှိ ရှမ်းပိုင်း၊ မင်းစု၊ နမ့်ကွက်၊ ဒေါနို့ကူး၊ ရွှေတောင်ချောင်းစပ်၊ ဒေါဥခူ (မှုံပြာအစပ်)၊ ဒေါတမ စတဲ့ ရပ်ကွက်တွေမှာရေမြှပ်နေပါတယ်။

အလားတူ လွိုင်ကော်မြို့နယ်တွင်းရှိ ဘုရားဖြူကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ဘုရားနီကျေးရွာ၊ မှုံပြာ‌ကျေးရွာ၊ ရေနီကန်၊ သတ္တဗလူ စတဲ့ ကျေးရွာတွေမှာလည်း ရေမြှင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မင်းစု၊ နမ့်ကွတ် ရပ်ကွက်တွေဟာ ရေလွှမ်းမိုးမှု အမြှင့်ဆုံးရပ်ကွက်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် ပြောင်းရွေ့နေထိုင်နေရသူတွေရှိနေပြီး အကူညီတွေလိုအပ်နေတယ်လို့ လည်းသိရပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံတွေဟာ ပြီးခဲ့တဲ့လတွေကစပြီး နေရပ်ပြန်လည်နေထိုင်သူများလာတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ဖယ်ခုံ ၊ မိုးဗြဲရေကာတာအောက်ဘက်က လယ် ဧက ၃၀၀၀ ကျော် ရေမြှုပ်နေပြီး အနီးအနားရှိ စစ်ဘေးရှောင်စခန်းတချို့လည်း ရေနစ်မြှုပ်နေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ထားပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...