အိန္ဒိယအစိုးရက ပလက်ဝနှင့် စစ်တွေအထိ လျှပ်စစ်မီးပေးရန် ဆန္ဒရှိဟု ဆို

အိန္ဒိယအစိုးရက ပလက်ဝနှင့် စစ်တွေအထိ လျှပ်စစ်မီးပေးရန် ဆန္ဒရှိဟု ဆို

အိန္ဒိယအစိုးရက ချင်းပြည်နယ် ပလက်ဝမြို့ နှင့် ရခိုင်ပြည်နယ်စစ်တွေမြို့ အထိ လျှပ်စစ်မီးပေးရန်ဆန္ဒရှိပြီး မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B.Shyam က ပြောဆိုသည်။

မီဇိုရမ်ပြည်နယ်ကိုရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူးသည် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး Pu F. Rodingliana ကိုသူ၏ ရုံးခန်းတွင်တွေ့ဆုံခဲ့ပြီးနောက် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအစိုးရအနေဖြင့် မြန်မာဘက်ခြမ်း ချင်းပြည်နယ် ပလက်ဝမြို့အထိ လျှပ်စစ်မီးဖြန့်ဝေပြီး ထိုမှတဆင့် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းအထိ လျှပ်စစ်မီးပေးရန် ဆန္ဒရှိပြီး ယင်းအတွက် မီဇိုရမ်အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ဖိတ်ခေါ်ခဲ့သည်ဟု မီဇိုရမ်အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူးနှင့် မီဇိုရမ်အစိုးရ လျှပ်စစ်ဝန်ကြီးတို့သည် မြန်မာနှင့် ဘဂ်လားဒေရှ့်နိုင်ငံတို့နှင့် ကုန်သွယ်ရေး စနစ်တကျဆောင်ရွက်နိုင်ရေးလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ယခုလက်ရှိဖော်ဆောင်နေသော ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအခြေအနေနှင့် အခက်အခဲ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရေးနည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...