၈၈ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီး NLD ကိုယ်စားပြုအဖြစ် တောင်ဥက္ကလာမှ ရွေးကောက်ပွဲဝင် ရန်လျာထား

၈၈ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီး NLD ကိုယ်စားပြုအဖြစ် တောင်ဥက္ကလာမှ ရွေးကောက်ပွဲဝင် ရန်လျာထား
by -
မဇ္ဈိမ
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင့်လူ့အဖွဲ့အစည်းမှ  ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ၂၀၁၅ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုကာ တောင်ဥက္ကလာမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင် ရန်တင်ပြထားသည်ဟု အရံဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဒေါ်ဖြူဖြူသင်းက ဇူလိုင် ၁၈ရက်တွင် မဇ္စျိမကို ပြောသည်။

၎င်းက “ပါတီကအရင် တောင်ဥက္ကလာမှာ ဦးကိုကိုကြီးဝင်ဖို့ လျာထားတယ်။ ကျွန်မက အရင်အဲဒီက ၀င်ဖို့လျာထား လိုက်သေးတယ်။ ဒါပေမယ့် အခုတော့ မင်္ဂလာတောင်ညွှန့်ကပဲ ပြန်ဝင်ဖို့ပါတီက လျာထားတယ်လို့ သိထားတယ်။ နောက်ဆုံးအဖြေတော့ ကော်မရှင်ကို တင်ပြီးတဲ့ ၈ရက်နေ့မှပဲ သိရမယ်”ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကိုကိုကြီးခေါင်းဆောင်သော ၈၈ငြိမ်း/ပွင့်အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သက်သက်အောင်၊ ဒေါ်မီးမီး၊ ဦးဇော်မင်း၊ ဦးပဏ္ဍိတ်ထွန်း တို့အပါအဝင် အချို့က ရွေးကောက်ပွဲဝင်ရန် လျားထားခြင်းဖြစ်သည်။

ယင်းတို့ထဲမှ ဦးကိုကိုကြီးဝင်ရောက်မည့် မဲဆန္ဒနယ်ကိုသာ သိရှိရသေးပြီး ကျန်သူများ ၀င်ရောက်မည့် မဲဆန္ဒနယ်များကိုမူ မသိရှိရသေးပေ။

၈၈ငြိမ်း/ပွင့်မှ ဦးကိုကိုကြီး ပါ၀င်သော်လည်း တခြားခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးမြအေးတို့မှာမူ ရွေးကောက်ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားသိထားခြင်း မရှိသေးကြောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇူလိုင်လ ၂၀ရက်မှ သြဂုတ်လ ၈ရက်အတွင်း တင်ပြကြရမည် ဖြစ်သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...