လေကြောင်းတိုက်ခိုက်ခံရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းက နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တွေ အကူအညီလိုအပ်

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းက နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တွေ အကူအညီလိုအပ်

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တွေအတွက် တဲအိမ်အပြင် အခြားသောလိုအပ်ချက်တွေ များပြားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်ကို IEC အပြင် အခြားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကူညီထောက်ပံ့ပေးနေတာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက အခုလို ပြောပါတယ်။

“ ကူညီတာကတော့ IEC ရဲ့ တချို့ ဌာနတွေကတော့ ကူညီမှုတွေတော့ စလုပ်ပေးနေတယ်ဆိုတာတော့ ကြားသိရတာပေ့ါနော်။ အမျိုးသမီးနဲ့ ကလေးရှိတဲ့ လူစားများပေါ့နော်။ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ရှိတယ်။ ဆိုတော့သူတို့တတ်နိုင်သလောက် ကူပေးနေတာရှိပါတယ်။ အခြားသော အရပ်ဖက် အဖွဲ့အစည်းလည်း သူတို့နိုင်သလောက် ဝိုင်းဝန်းကူညီပေးတာရှိပါတယ်” လို့ ဦးဗညားကဆိုပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၉ ဦးသေဆုံးခဲ့သလို လူဦးရေ ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

လက်ရှိမှာတော့ နေအိမ်ပျက်စီးတဲ့ စစ်ဘေးရှောင်တွေအတွက် အမိုးအကာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

“လေ‌ကြောင်းတိုက်ခိုက်ခံရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းက ဘယ်နေ့ဘယ်အချိန် တော့ စခန်းပြောင်းမလဲမသိဘူး။ ဒါမဲ့ စခန်းအသစ် တကယ်လို့ ပြောင်းခဲ့မယ်ဆိုရင် အိမ်ခြေကများတော့ သူတို့ အိမ်ဆောက်ဖို့အတွက်ရယ် သူတို့ပြောင်းရွှေ့ဖို့ အတွက်ရယ် မိုးကာရယ် ကြိုတင်ပြင်ဆင်ပြီးတော့မှ အလှူငွေကောက်ခံနေတာတော့ ရှိပါတယ်”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၆၅ အိမ် ရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၆၀ ဝန်းကျင် ပျက်စီးသွားခဲ့ပါတယ်။ 

ပျက်စီးသွားတဲ့နေအိမ် များပြားပြီး လိုအပ်ချက်တွေများနေသေးတာကြောင့် ကူညီထောက်ပံ့ပေးကြဖို့ကိုလည်း စစ်ရှောင်အရေးကူညီသူတွေက တောင်းဆိုထားကြပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်းနဲ့အလားတူ ဗုံးကြဲခံရတဲ့ ဒီးမော့ဆိုမြို့နယ် ၊ နန်းမယ်ခုံမြို့က ဒေသခံတွေလည်း စစ်ရှောင်စခန်းကို ပြန်လည်တိမ်းရှောင်ကြတာရှိတယ်လို့ သိရပါတယ်။

နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တွေဟာ လတ်တလောမှာတော့ နီးစပ်ရာဆွေမျိုး နဲ့ အနီးအနားက ကျေးရွာတွေမှာ သွားရောက်ခိုလှုံနေထိုင်ကြတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းက စာသင်ကျောင်းကို တခြားနေရာမှာ ရွေ့ပြောင်းဖို့လိုအပ်နေပြီး စာသင်ကျောင်းဆောင် ဆောက်လုပ်ဖို့ကိုလည်း ကူညီလှူဒါန်ပေးကြဖို့ စစ်ရှောင်ကူညီသူတွေက တောင်းဆိုထားကြပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...