ကျောက်ဖြူမြို့သို့ စျေးဝယ်သွားသည့်အမျိုးသမီး ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

ကျောက်ဖြူမြို့သို့ စျေးဝယ်သွားသည့်အမျိုးသမီး ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

ရခိုင်ပြည်၊ကျောက်ဖြူမြို့သို့ လှေတစ်စီးနှင့်အတူ စျေးဝယ်သွားသည့် ဂုံးချွိန်ရွာမှ အမျိုးသမီး ၆ ဦးကို စစ်ကောင်စီတပ်မှ ယခုစက်တင်ဘာလ ၈ ရက်နေ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးများမှာ မချေချေမ (၁၇) နှစ်၊ မကုလားမ (၂၂)နှစ်၊ မငယ်ယိုင် (၃၅) နှစ် ၊ မအိအိသူ (၂၅) နှစ်နှင့်  နောက်ထပ် လူလတ်ပိုင်းအမျိုးသမီး ၂ ဦးတို့ဖြစ်ကြသည်။

၎င်းအမျိုးသမီးများသည် ဂုံးချွိန်ကျေးရွာမှ ကျောက်ဖြူမြို့သို့ လှေတစ်စီးဖြင့် စျေးသွားဝယ်ကြရာမှ  GTI ကျောင်းနောက်ဖက် အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက နိရဉ္စရာကို အတည်ပြုပြောကြားသည်။

ဒေသခံတစ်ဦးက " ဖမ်းဆီးတာကဟုတ်ပါတယ်။ ကျွန်တော်တို့မြင်လိုက်တယ် ။သူတို့က မနက် ၁၀ နာရီကျော်လောက်မှာ ရောက်တယ်။ GTI ကျောင်းနောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတော့ အကုန်ဖမ်းယူသွားတယ်"ဟု ပြောသည်။

အမျိုးသမီးများ ဖမ်းဆီးထားပြီးနောက် ရဲကားရောက်လာကာ သူတို့ ၆ ယောက်လုံးကို ရဲကားပေါ်တင်ပြီး မြို့မရဲစခန်းသို့ခေါ်သွားသည်ဟု ပြောသည်။  

စစ်ကောင်စီသည် ကျောက်ဖြူမြို့သို့ အဝင်အထွက် ရေကြောင်းနှင့် ကုန်လမ်းများကို ပိတ်ဆို့ထားပြီး  စားကုန်နှင့် ဆေးဝါးများသယ်ယူခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်ဟု သိရသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြားတွင်လည်း စစ်ရေးတင်းမာနေပြီး ကျောက်ဖြူ နယ်ဒေသများ အားလုံးကိုလည်း အေအေ သိမ်းပိုက် ထိန်းချုပ်ထားသည်ဟု သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...