ပေါက်တောမြို့နယ်ရှိ စစ်သုံ့ပန်းနှင့် အကျဉ်းသားဆေးကုသရေးစင်တာတစ်ခုကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်၍ လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရ

ပေါက်တောမြို့နယ်ရှိ စစ်သုံ့ပန်းနှင့် အကျဉ်းသားဆေးကုသရေးစင်တာတစ်ခုကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်၍ လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရ

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာအတွင်းရှိ အာရက္ခတပ်တော် ( AA) ၏ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ ဆေးကုသရေးစင်တာအား အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများအထဲတွင် ဆေးဝါးကုသရန် လိုအပ်နေသည့် စစ်သုံ့ပန်းများ၊ ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ကျခံရသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သားများနှင့် ကလေးငယ်များ ပါဝင်သည်ဟု အာရက္ခတပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“သေဆုံးသူတွေ အထဲမှာ စစ်ကောင်စီရဲ့  သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါးပြီး ဆေးကုသဖို့  လိုအပ်လျက်ရှိနေတဲ့ အရာရှိကြီးတချို့၊ စစ်ကောင်စီရဲ့  သတင်းပေးတွေနဲ့ သတင်းပေးသံသယရှိသူတွေ အပါအဝင် ပြစ်ဒဏ်ကျခံနေရသူတချို့၊ ၎င်း ထိန်းသိမ်းရေးတာဝန်ရှိသူတစ်ချို့၊  ကျန်းမာရေး ဝန်ထမ်းတချို့၊ ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတစ်ချို့  အပါအဝင် စုစုပေါင်း ၂၀ နီးပါး သေဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့်အထိရှိခဲ့ပါတယ်” ဟု ဦးခိုင်သုခက အတည်ပြုပြောဆိုသည်။

ဖြစ်စဉ်မှာ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊  ရှင်ရွာအတွင်းရှိ AA၏  စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ ဆေးကုသရေး စင်တာအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၈) ရက်၊ နံနက် (၆) နာရီ (၅၀) မိနစ်တွင် တစ်ကြိမ်၊  နံနက်(၆) နာရီ (၅၇) မိနစ်တွင် တစ်ကြိမ် စစ်ကောင်စီက ဂျက်တိုက် လေယာဉ် တစ်စီဖြင့် နှစ်ကြိမ်တိတိ  ဗုံး(၈) လုံးကို ကြဲချကာ တိုက်ခိုက်ခဲ့သည်ဟု  သိရသည်။

“ စစ်သုံ့ပန်းနဲ့ အကျဉ်းသားတွေကိုဆေးကုသတဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာကတော့  စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပါတယ်။ ဒီအတွက်လည်း ထိရောက်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားပါမယ်” ဟု ဦးခိုင်သုခက ပြောဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံ  နေရာဒေသအများအပြားကို ဗုံးကြဲတိုက်ခိုက်မှုကို တိုးမြင့်လုပ်ဆောင်လာနေသဖြင့် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူများ သေဆုံးမှုမှာ တစ်နေ့ထက် တစ်နေ့ တိုးများလာနေသည်ဟု သိရှိရသည်။

June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...