မြဝတီမြို့ တောင်ဘက် လေးကေကော်အမြောက်ကုန်းတွင် တိုက်ပွဲဆက်ဖြစ်နေ

မြဝတီမြို့ တောင်ဘက် လေးကေကော်အမြောက်ကုန်းတွင် တိုက်ပွဲဆက်ဖြစ်နေ

မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ် စွယ်တော်အမြောက်ကုန်း စစ်စခန်းနေရာတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များတို့ နှစ်ဘက်တိုက်ပွဲ ဆက်လက်ဖြစ်ပွား နေကြောင်း စစ်ရေးနယ်မြေ သတင်း အရင်းအမြစ်များထံမှ သိရသည်။

စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်တစ်ခုက “စစ်တပ်ကုန်းကို ဖြတ်တောက်ထားတာတော့ကြာပြီ။ တစ်လ ကျော်ရှိပြီ ၊ ဒရုန်းချလိုက်၊ စနိုက်ပါ‌ပစ်လိုက်ပဲပိတ်ဆို့ ထားတာ။ အထဲက စစ်သားက အလံဖြူထောင်လိုက်၊ ပြန်ဖြုတ်လိုက်ပဲ ဖြစ်နေတာ။ ညကစပြီးဒရုန်းတွေကြဲချတယ်။ သူတို့ဘက်ကလည်းလက်နက်ကြီးပြန်ပစ်တယ်။ စက်လတ်နဲ့ ပြန်ပစ်တယ်၊ အခုထိတော့ပစ်လိုက်ရပ်လိုက်ပဲ။” ဟု ယနေ့ ညနေတွင် ကေအိုင်စီသို့ ပြောသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ် တပ်များ ပစ်ခတ် တိုက်ခိုက်မှုအချို့ဆက်ရှိနေပြီး အနီးအနားကျေးရွာများဖြစ်သည့် မယ်ဝါးခီး၊ လေးကေကော်၊ ရသေ့ဂူ၊ ဖလူး ကျေးရွာသားများမှာ မင်းလက်ပံနှင့် အင်ကြင်းမြိုင်ဘုန်းကြီးကျောင်းဝင်းသို့ ယာယီပြောင်း ရွှေ့နေထိုင်စစ်ရှောင်နေကြကြောင်း သိရသည်။

“ ကျနော်တို့ကတော့ အင်ကြင်းမြိုင်ဘုန်းကြီးကျာင်းမှာ သွားရှောင်အိပ်တယ်။ မနက်ပိုင်းတော့ ပြောင်းစိုက် ခင်းသွားဖို့က ပစ်ခတ်နေတော့သွားမရဘူး၊ အဲဒီဘက်ကစိုက်ခင်းတွေကို။ အခုက လက်နက်ကြီး ကျမှာ၊ လေယာဉ် ဗုံးကြဲမှာကြောက်ရတယ်။ အဲ့ဒီကုန်း မရှိတော့ရင်တော့ စစ်တပ်မရှိတော့ဘူးဒီဘက်မှာတော့။ “ဟု လေး ကေကော် စစ်ဘေးရှောင်စခန်းက သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေအတွင်း မြဝတီမြို့ဘက်က ကရင်နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီတပ်များမှ စစ်ကူတိုက်ခိုက်ရန် လုပ်ဆောင်နေကြသလို KNLA မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနေရာဘက်သို့ ပြန်လည်သိမ်းပိုက်ရန် စစ်ရေးပြင်ဆင်နေကြောင်းလည်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ဘက်က ဆိုသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...