စစ်ကောင်စီ စစ်ကြောင်းကြောင့် လယ်စပါး ဧက ၅၀၀ ကျော် မရိတ်သိမ်းနိုင်မှာကို တောင်သူများ စိုးရိမ်နေကြ

စစ်ကောင်စီ စစ်ကြောင်းကြောင့် လယ်စပါး ဧက ၅၀၀ ကျော် မရိတ်သိမ်းနိုင်မှာကို တောင်သူများ စိုးရိမ်နေကြ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကြောင့် လယ်စပါး ဧက ၅၀၀ ကျော် မရိတ်သိမ်းနိုင်မှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။

“ တချို့ဆိုရင် အနှံတောင်စုံပြီ။ နောက် ၉ လပိုင်းကုန်လောက်ဆို သူတို့က ရိတ်လို့ရပြီ။ တစ်ချို့ကျတော့လည်း အနှံထွက်စဆိုတော့ တောက်လျှောက် ဒီလိုပဲ ဆက်ဖြစ်သွားမှာကိုလည်း စိုးရိမ်ရတယ်။ ကိုယ်မရိတ်သိမ်းမိရင် ငတ်မှာကိုလည်း စိုးရိမ်ရတယ်” လို့ တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ တတိယပတ် ကစလို့  လွိုင်ကော်မြို့ကနေ လွိုင်ကော်- ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် လူအင်အား ၂၀၀ ခန့် စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့ပါတယ်။

အဲ့ဒ်ီစစ်ကြောင်းကြောင့် ဒေါပိုးစီ ၊ စံပြ ၆မိုင် ၊ ၅မိုင် ကျေးရွာနဲ့ တခြားကျေးရွာက လယ်ယာစပါးကို မရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြတာပါ။

ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ လယ်ပြန်လည်စိုက်ပျိုးနေကြတဲ့ ဒေသခံတောင်သူတွေက စစ်ရှောင်စခန်းဆီကို ပြန်လည် တိမ်းရှောင်နေကြရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

စစ်ရေးအခြေအနေမတည်ငြိမ်တဲ့ ကရင်နီပြည်မှာ ၄ နှစ်နီးပါး စစ်ဘေးရှောင်နေကြပြီဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် ဒေသခံတွေက အလျင်းသင့်ရင် သင့်သလို စပါးပြန်လည် စိုက်ပျိုးနေကြတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော် မြို့နယ်က ဒေသခံတချို့ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပြီး စိုက်ပျိုးမြေ ဧက ၁၀၀၀ ကျော် ရှိတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လယ်ဧက ၅၀၀ ကျော်လောက်ဟာ  စစ်ဇုံနဲ့ အနီးအနားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ်ကုန်ကျထားတာလည်း မနည်းဘူးလေး ။ တစ်ဧကဆို အပြီးအစီး စိုက်စရိတ် ရိတ်သိမ်းခ မပါဘူးဆိုလို့ရှိရင် တစ်ဧကကို သိန်း ၂၀ လောက်ကုန်တာကို။” လို့ စပါးစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တစ်လေးလုံးစစ်ဆင်‌ရေးနောက်ပိုင်း တော်လှန်ရေး တပ်တွေက နေရာရ ထားပြီဖြစ်တဲ့ ဒေါပိုးစီ၊ ၅မိုင်၊ စံပြ ၆မိုင် ၊ ဗက်တလိန်၊ ဝမ့်လထွား စတဲ့ ပြည်ထောင်စုလမ်းမကြီးဘေးတလျှောက်လုံးမှာ သြဂုတ်လ တတိယပတ်မှာပဲ စစ်ကောင်စီတပ်က ပြန်လည် တပ်စွဲ နေရာယူထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...
March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...
March 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ...
March 2, 2026
ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA)...