ဂွမြို့နယ် ကုလားပြင်ကျေးရွာသင်္ချိုင်း၌ စစ်ကောင်စီအလောင်းအများအပြားကို ဒေသခံများ၏ အကူအညီဖြင့် မြေမြှုပ်သင်္ဂြိုလ်

ဂွမြို့နယ် ကုလားပြင်ကျေးရွာသင်္ချိုင်း၌ စစ်ကောင်စီအလောင်းအများအပြားကို ဒေသခံများ၏ အကူအညီဖြင့် မြေမြှုပ်သင်္ဂြိုလ်

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကုလားပြင်ကျေးရွာသင်္ချိုင်း၌  စစ်ကောင်စီဘက်က သေဆုံးသွားခဲ့သည့် အလောင်းအများအပြားကို ပြည်သူ့စစ်နှင့် စစ်တပ် ထောက်ခံ သူများကိုခေါ်ယူပြီး ဩဂုတ်လ ၂၇ ရက်နေ့ညတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်ဟု  ခိုင်လုံသည့် ဒေသသတင်းရင်းမြစ် အရ သိရှိရသည်။

ဒေသခံ သတင်းရင်းမြစ်က " သြဂုတ် ၂၇ ညနေအချိန်မှာ ကုလားပြင်ပြည်သူ့စစ်တွေက တဆင့်နီးစပ်ရာ လူတွေကိုခေါ်ပြီးကုလားပြင်သုသာန်မှာ မြေမြှုပ်ခိုင်းတယ်။ တချို့ဆို ပုပ်စော်နံနေပြီ။  အကုန်လုံးက လက်နက်ကြီး ထိတာများတယ်။ တချို့အလောင်းတွေကို အချိန်မရတဲ့အတွက် နည်းနည်လေး မြေတူးပြီး  သစ်ကိုင်းသစ်ရွက်တွေ ဖုံးအုပ်ပြီးထားခဲ့တယ်။ ခန့်မှန်းခြေအရေအတွက်က လေးဆယ်ကျော်လို့ သိရပါတယ်။ နောက်ထပ်ဒဏ်ရာရထားသူ အများအပြားလည်း ရှိတယ်"ဟု ပြောကြားသည်။

ကျိန္တလီမြို့မှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ကုလားပြင်ရှိ စစ်တပ်နှင့် ပူးပေါင်းကာ အာရက္ခတပ်တော်၏ ထိုးစစ်ကိုခုခံစဉ် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်ဟု ဒေခံများက ပြောကြားသည်။

“ တိုက်ပွဲက  ဂွမြို့နယ် ကုလားပြင်နဲ့ ကျောက်တံခါးကျေးရွာနားတွေမှာ ဖြစ်တယ်။ စစ်ကောင်စီ တပ်ဖက်မှ တိုက်ရည်ခိုက်ရည်နဲ့ နယ်မြေဒေသ မကျွမ်းတော့ အကျအရှုံးများပြားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ထိုသို့ အကျအဆုံးများသဖြင့် တင့်ကားများကို အထိုင်ချပြီး ပစ်ကူ ပေးခြင်း၊ အမြောက်တပ်က လက်နက်ကြီး ပစ်ကူခြင်း၊ ရေတပ်စစ်ရေယာဉ်များမှ လက်နက်ကြီးဖြင့် ပစ်ကူပေးခြင်းနှင့် လေယဉ်ပစ်ကူပေးခြင်းတို့ကို ကြေး၊ရေ၊လေကို အသုံးပြုပြီး အာရက္ခတပ်တော်၏ ထိုးစစ်ကို အပြင်းအထန်ခုခံနေသည်။

တိုက်ပွဲဖြစ်ပွားနေသော အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများမှာ အိုးအိမ်များကို စွန့်ခွာပြီး  ဘေးလွှတ်ရာသောထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...