စစ်တွေ မင်းဒြားချိတ်ရွာဟောင်းမှ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦးအနက် ကျောင်းသား ၃ ဦးအပါအဝင် ၁၃ ဦး ပြန်လွတ်လာ

စစ်တွေ မင်းဒြားချိတ်ရွာဟောင်းမှ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦးအနက် ကျောင်းသား ၃ ဦးအပါအဝင် ၁၃ ဦး ပြန်လွတ်လာ

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျအနီးရှိ မင်းဒြားချိတ်ရွာဟောင်းမှ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦးအနက် အသက် ၁၀ နှစ်ကျော်အရွယ်ကျောင်းသား ၃ ဦး အပါအဝင် အရပ်သား ၁၃ဦး ပြန်လည် လွတ်မြောက်လာကြောင်း  သတင်းရရှိသည်။

လွတ်မြောက်လာသူများမှာ မစန္ဒာဝင်း၊ ထွန်းထွန်းနိုင်၊ မောင်ချေ၊ သားပုချေအဖေ၊ သိန်းမင်းဌေး၊ ဆန်းမောင်လှ၊ သားပုချေ၊ သားကြီး၊ သန်းဇော်ဦး (ခ) မောင်မြတ်ဦး၊ ဝင်းဝင်းဇော်၊ သန်းဇော်းဌေး အပါအဝင် ဝေဠုဝန်ဘုန်းကြီးကျောင်းရှေ့ က နှစ်ဦးတို့ ဖြစ်ကြသည်။

၎င်းတို့သည် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ အာမခံငွေကြေးပေး၍ လွတ်မြောက်လာခြင်းဖြစ်ပြီး မောင်ခြောက်ချေ၊ နေမင်းထွန်းနှင့် ကိုဌေးဌေးတို့အား စစ်ဆေးမေးမြန်းရန် ရှိသေးသည်ဟု ဆိုကာ ဆက်လက်ဖမ်းဆီးထားကြောင်း လွတ်မြောက်လာသူ၏ မိသားစုဝင်တစ်ဦးမှ နိရဉ္စရာသို့ ပြောသည်။

“ ၁၃ ယောက်က ပြန်လွတ်လာတယ်။ ကျောင်းသား ၃ ယောက်နဲ့ မိန်းကလေး တစ်ယောက်လည်း ပါတယ်။ ရဲစခန်းမှာ အာမခံငွေကြေးပေးခဲ့ရပါတယ်။ နောက်ထပ် ၃ ယောက်ကတော့ စစ်ဆေးစရာတွေ ရှိသေးတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့ ညအချိန် ၁၂ နာရီခန့်တွင် စစ်တပ်နှင့် ရဲတို့က ဝိုင်းဝန်း ပိတ်ဆို့ကာ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခံခဲ့ခြင်းဖြစ်သည်။

ယင်းထဲမှ ၁၃ ဦး ပြန်လွတ်လာပြီး ကျန်နေခဲ့သည့်  ၃ ဦးသည် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရသည်။

စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင်ရှိနေသေးသည့် မြို့တော်စစ်တွေတွင် ရဲနှင့်စစ်တပ်က အပြစ်မဲ့ အရပ်သားများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေရပြီး အချို့ဖမ်းဆီးခံရသူများတွင်လည်း ငွေကြေးဖြင့် ရွေးကာ ပြန်လည်လွတ်လာသူများရှိပြီး အချို့မှလည်းမိသားစုဝင်များနှင့်အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်ပြီ; ရွာသူ/ရွာသား များအား ဖမ်းဆီးကာ ထိုအထဲမှ  (၇၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ပြီး ၁၀၀ကျော်ကို စစ်ကောင်စီ ခလရ (၂၀) တပ်ရင်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ၎င်းဗျိုင်းဖြူ ရွာသည် မင်းဒြားချိတ်ရွာဟောင်း အနီးတွင် တည်ရှိသည်။

စစ်ကောင်စီသည် စစ်တွေမြို့အား နောက်ဆုံးခံတပ်အဖြစ် စစ်ရေးအရ အကြီးအကျယ်ပြင်ဆင်နေပြီး မြို့သူ မြို့သားများကိုလည်း ဓားစားခံအဖြစ် ထားရှိကာ ထွက်သွား၍ မရအောင် မြို့ကို ပိတ်ဆို့ထားသည်ဟု သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...