ဖယ်ခုံမြို့နယ်ထဲက ကယောကျေးရွာတွေမှာရှိတဲ့ စစ်ရှောင်တွေ ဆန်ရိက္ခာပြတ်လပ်၊ အကူအညီတွေလိုအပ်နေ

ဖယ်ခုံမြို့နယ်ထဲက ကယောကျေးရွာတွေမှာရှိတဲ့ စစ်ရှောင်တွေ ဆန်ရိက္ခာပြတ်လပ်၊ အကူအညီတွေလိုအပ်နေ

ကရင်နီပြည် နဲ့ထိစပ်နေတဲ့ ဖယ်ခုံမြို့နယ်ထဲက ကယောကျေးရွာတွေမှာ ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဆန်ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့နေကြပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။

အဆိုပါ ကယောလူမျိုးစု ကျေးရွာတွေဟာ ရှမ်းပြည် ဖယ်ခုံမြို့နယ်ထဲမှာ တည်ရှိနေပြီး အလှူရှင် တွေလာရောက်ကူညီ တာမျိုးတွေ မရှိသေးဘူးလို့ စစ်ရှောင်အရေးကူညီဆောင်ရွက်တဲ့ ထွန်းမြန်မာဒိုနေးရှင်းအဖွဲ့ဝင် အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရောက်ကိုမရောက်တာ အဲ့ကြောင့်မို့ ဆန်ရိက္ခာပြတ်လပ်မှုရှိတယ်။ တချို့ဆိုရင် မျက်နှာငယ်လေးနဲ့ ဟိုနေ့ဆိုရင် ငိုယိုပြီးတော့ ဆန်ရိက္ခာလာတောင်းတဲ့ အနေအထားတွေရှိတယ်။ အဲ့လိုမျိုး မျက်ရည်ကျပြီးတော့။ ဆိုတော့ သူတို့က ဘယ်လိုလုပ်လဲဆိုရင် ဆန်ပြတ်နေတဲ့အနေအထားမှာ ရွာသားဆီက ပြန်ပြီးချေးစားတာပေါ့နော်။ ဥပမာ သီးနှံပေါ်တဲ့အခါ ဖာလာတွေပေါ်တဲ့အခါ စပါးတွေပေါ်တဲ့အခါ လုပ်အားအနေနဲ့ ပြန်ပြီးလုပ်ပေးမယ်ပေါ့နော်။ အဲ့လိုမျိုးပြောပြီး ချေးစားတာပေါ့နော်”လို့ ထွန်းမြန်မာဒိုနေးရှင်းအဖွဲ့ဝင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ချေးငှားစားသောက်နေရတာကြောင့် လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့ ထွန်းမြန်မာဒိုနေရှင်း လူမှုကွန်ရက်စာမျက်နှာကနေ လာရောက်ချိတ်ဆက် လှူဒါန်းနိုင်ကြောင်း ပြောဆိုထားပါတယ်။

ဝေးလံခေါင်ဖျားတဲ့နေရာဖြစ်တာကြောင့် အလှူရှင်တွေအနေနဲ့ ဦးစား‌ပေး လာရောက်လှူဒါန်ပေးကြဖို့ကိုလည်း စစ်ရှောင်ပြည်သူတွေ တောင်းဆိုလာကြတယ်လို့ သိရပါတယ်။

ဒိုးလီ၊ ဆာခေါ၊ ပရေးပရို နဲ့ မာဆေးပလိုစတဲ့ကျေးရွာတွေမှာ စစ်ရှောင်နေကြတဲ့ ကယောလူမျိုးစု စစ်ရှောင်တွေဟာ ဆန်ရိက္ခာအပြင် အခြားသောအခြေခံ စားသောက်ကုန်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ ကျေးရွာ ၄ခုမှာ လာရောက် စစ်ရှောင်ကြတဲ့ လူဦးရေ ၂၀၀ ဝန်းကျင် ရှိပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...