လားရှိုးမြို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော်သေဆုံး

လားရှိုးမြို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော်သေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော် သေဆုံးခဲ့ကြောင်း  လွတ်လပ်သော လူငယ်ပရဟိတအဖွဲ့အစည်း(FYO) ထံမှသိရသည်။

ပြီးခဲ့သည့် ဇူလိုင်(၃)ရက်မှ စတင်ကာ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (ဩဂုတ်လ ၃ ရက်)တွင် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရသည်။

“အရပ်သားသေဆုံးမှု အကြမ်းဖျင်း သိရတာကတော့ ၃၀၀ ကျော်မယ်။ FYO က ကူညီဆောင်ရွက် ပေးခဲ့တာက ၈၆ လောင်းရှိတယ်” ဟု FYO အဖွဲ့မှ လူငယ်တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် လျှပ်စစ်မီး မရရှိသေးသော်လည်း မြို့ပြင်ဖက်တွင် Mytel ဖုန်းလိုင်းများ ရရှိနေပြီး တိုက်ပွဲပြင်းထန်စဉ် စစ်ဘေးတိမ်းရှောင်သွားသည့် ဒေသခံ တချို့တဝက်သာ နေရပ်ပြန်လာကြောင်း သိရသည်။

“တိုက်ပွဲထပ်ဖြစ်ဖို့ကတော့ ၅၀ ရာခိုင်နှုန်းစီပါပဲ။ ထိုးစစ်လာဖို့တော့ ရှိမယ်ထင်တယ်။ စီးပွားရေးဇုန် တစ်ခုလုံး ပါထားတော့လေ။ ဒါပေမဲ့လည်း မိုင်းလားလိုလည်း ဖြစ်သွားနိုင်တယ်။ သိမ်းထားတဲ့ မြို့တွေထဲက အထူးဒေသ အလံဆိုလို့ ဒီမြို့ပဲထောင်သေးတာ”ဟု FYO လူငယ်တာဝန်ခံတစ်ဦးမှ ၎င်း၏ထင်မြင်ချက်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လားရှိုး ပြည်သူ့ဆေးရုံကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်မှာ ပြန်လည် လည်ပတ်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် MNDAA က သိန္နီ၊ တာမိုးညဲ၊ ကွမ်းလုံ၊ ကြူကုတ်( ပန်ဆိုင်း)၊ မုံးကိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း စသည့် မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

August 11, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမှုများ...
ဓာတ်ပုံ - (Crd) တာချီလိတ် ကျားဖြန့်လုပ်ငန်းမှ ထွက်ပေးလွတ်မြောက်လာသည့် ရုရှားသူ
August 11, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်းကျားဖြန့် (ကျားဖျန့်) လိမ်လည်မှု...
August 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ...
August 6, 2026
သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမိုးရာသီ ကာလအတွင်း ရာသီ...