ထပ်မံစစ်ပြေးရမှာကို စိုးရိမ်တဲ့အတွက် ဒီးမော့ဆိုအရှေ့ခြမ်းက တောင်သူတချို့ စိုက်ပျိုးရေးကို အနည်းငယ်သာ လုပ်ကိုင်ကြ

ထပ်မံစစ်ပြေးရမှာကို စိုးရိမ်တဲ့အတွက် ဒီးမော့ဆိုအရှေ့ခြမ်းက တောင်သူတချို့ စိုက်ပျိုးရေးကို အနည်းငယ်သာ လုပ်ကိုင်ကြ

ကရင်နီပြည် ဒီးမော့ဆို မြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာမှာ စစ်ဘေးရှောင်ကြတဲ့ ဒေသခံတွေဟာ ကျေးရွာအတွင်း ပြန်လာနေထိုင်ကြပေမဲ့

ထပ်မံ စစ်ရှောင်ရမှာကို စိုးရိမ်တာကြောင့် စိုက်ပျိုးရေးအနည်းငယ်သာ လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး နဲ့ လေကြောင်းရန်ကြောင့် စိတ်မလုံခြုံမှုကြားက ပြန်လည်စိုက်ပျိုးနေကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ စိုက်ခင်းပြန်လုပ်နေကြချိန်မှာ ပြည်သူလူထုတွေက စိတ်လုံခြုံမှုမရှိနိင်ကြဘူး။ တိုက်လေယာဉ်ဝဲတာတို့၊ ဘာတို့ဆို အလုပ်လုပ်နေရင်းတော့ ပြန်လာနေရတယ်။ အများကြီးလုပ်ချင်တာထက် ပြန်ပြေးနေရမလားဆိုတဲ့ စိတ်မလုံခြုံမူကြောင့် အများကြီးမလုပ်ရဲကြဘူး။ ပြေးပြီး နောက်ပိုင်းလည်း အရင်းအနှီးမျိူးစေ့ မရှိကြတော့တာလည်းပါတယ်။ အခက်အခဲမျိုးစုံ စိန်ခေါ်မှုတွေ ကြုံနေရတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မျိုးစေ့တွေကို အနီးအနားက ကျေးရွာတွေမှာ ဝယ်ယူကြသလို ကျေးရွာသားအချင်းချင်း အချင်းချင်း ပြန်လည်မျှဝေကြတယ်လို့ ဆိုပါတယ်။ တောင်သူတချို့ကတော့ စိုက်ခင်းရှိပေမဲ့ မျိုးစေ့ဝယ်ယူဖို့ အခက်အခဲရှိကြသလို တချို့ကလည်း မျိုးစေ့ဝယ်ယူနိုင်ပြီး စိုက်ပျိုးဖို့ ခြံမြေမရှိတာကြောင့် စားဝတ်နေရေးအတွက် အဓိကထားပြီး အပြန်အလှန် ဝေမျှ လုပ်ကိုင် စိုက်ပျိုးနေကြပါတယ်။

ကျေးရွာနဲ့နီးတဲ့ တောင်ယာခြံတွေမှာသာ လုပ်ကိုင်နေကြရတာပါ။ စိုက်ထားတဲ့ သီးနှံတွေ အထွက်နှုန်း အနည်းငယ်ကောင်းပေမဲ့ မိုးများတာကြောင့် သီးနှံပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“ဒီနှစ်နှမ်းက နည်းပါးပဲပေါ့နော်။ ရွာမှာခြံခင်းတွေက အဲ့လောက်မရှိကြဘူးလေ။ ခါတိုင်းနှစ်ဆို အဝေးမှာလုပ်ကြတယ်။ ခုဆိုမလုပ်နိုင်ကြဘူး။ ပြီးရင်ရွာမှာရှိတဲ့ ခြံခင်းတချို့က စစ်‌ကောင်စီတွေ နေဖူးတဲ့နေရာဆို မိုင်းရှိတယ် မလုပ်ရဲကြဘူး။ နှမ်းအခြေအနေက အစဆို ကောင်းမလိုလိုနဲ့ ခု မိုးတအားရွာတော့ ပျက်စီးကုန်တယ်။ မြေပဲလည်းမကောင်းဘူး။ စပါးပဲကောင်းကြတာပေါ့နော်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့နှစ်မှာလည်း ဒေသတွင်းတိုက်ပွဲကြောင့် တောင်ယာ စိုက်ခင်းကို မလုပ်ကိုင်ကြဘဲ ယခုနှစ်အတွင်းမှသာ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒီနှစ် စိုက်ခင်း သီးနှံထွက်နှုန်းမကောင်းရင်တော့ နောက်နှစ် စိုက်ပျိုးဖို့အတွက် မျိုးစေ့ ရှားပါးလာနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဆိုပါ ကျေးရွာခံတွေဟာ စားဝတ်နေရေးအတွက် နှမ်း ၊ မြေပဲ ၊ စပါး နဲ့ ပြောင်းကောက်ကို အဓိကထား စိုက်ပျိုးကြပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...