ကလေးမြို့နယ် ရှားတော၊ သုံးအိမ်စုကျေးရွာကို စစ်ကောင်စီ မီးရှို့၊ လက်ပံချောင်းရွာကို ဗုံးကြဲ

ကလေးမြို့နယ် ရှားတော၊ သုံးအိမ်စုကျေးရွာကို စစ်ကောင်စီ မီးရှို့၊ လက်ပံချောင်းရွာကို ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရှားတောနှင့် သုံးအိမ်စု ကျေးရွာက လူနေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၂၀ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကား (၅) စီးဖြင့် စက္ကန့်ရွာဘက်မှ  ရှားတော ရွာသို့ ဝင်ရောက်လာပြီး တစ်နာရီကြာ ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့နှင့် ပစ်ခတ်မှုရှိခဲ့ကြောင်း ကလေးမြောက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

" ထိတွေ့မှု သုံးအိမ်စု၊လေးအိမ်စုဖက်မှာ ဖြစ်နေတယ်၊ဒီမနက် ၈ နာရီလောက်ဖြစ်တာ စကစတွေ စစ်ကြောင်းထိုးနေ တာပေါ့။ စကစတွေမီးရှို့တာ မီးခိုးတွေအုံလိုက်ကြီးထွက်တယ်၊ အိမ်တွေတော်တော်လောင်နေတယ်" ဟုသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ရှားတောကျေးရွာအား မီးရှို့ပြီးနောက်  သုံးအိမ်စုကျေးရွာကိုလည်း ဆက်လက်စစ်ကြောင်း ထိုးကာ လူနေအိမ်များ ထပ်မံမီးရှိုခဲ့ပြီး နေအိမ်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပေ။

ထို့အပြင် မွန်းလွဲ (၂) အချိန်တွင်လည်း ကလေးမြို့မြောက်ပိုင်း၊လက်ပံချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ပြီး ဘုန်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

လက်ရှိတွင် ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာနေသောကြောင့် ရှားတော၊ သုံးအိမ်စု၊ လက်ပံခုံ၊ လေးအိမ်စု၊ ဆင်တော၊ မြောင်းစုံ၊ စီးစံကျေးရွာရှိ  ပြည်သူများ ကလေးမြို့နှင့် တောထဲတို့တွင် တိမ်းရှောင်ကြရသည်ဟု သိရသည်

June 25, 2026
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က...
June 24, 2026
ချင်းပြည် တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်တပ်၏...
June 23, 2026
ကချင်ပြည်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်း၊...
ဓါတ်ပုံ - Karenni College of Social Sciences & Humanities, Karenni Law College
June 22, 2026
စစ်တပ်၏ လေကြောင်းရန် အန္တရာယ်နှင့် ဘဏ္ဍာရေး အကျပ်အတည်းများကြားမှ တော်လှန်ရေးနယ်မြေ အသီး သီးရှိ...