PDF ကို သတင်းပေးနေသည်ဆိုပြီး ကျိုက်ထိုမြို့နယ်ရဲမှူးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

PDF ကို သတင်းပေးနေသည်ဆိုပြီး ကျိုက်ထိုမြို့နယ်ရဲမှူးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF များကို ဆက်သွယ်၊ သတင်းပေးမှုဖြင့် ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဇော်ဇော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးဇော်ဇော်ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ၎င်းနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ယာဝင်းအတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။

“လောလောဆယ် မြို့နယ်ရဲမှူးကို ကျိုက်ထိုအခြေစိုက် တပ်မ – ၄၄ ဌာနချုပ်မှာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းပြင် ဩဂုတ် ၁၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ပြည်သူရစိုးကို PDF အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဩဂုတ်လ ၁၆ ရက်နေ့က ရဲစခန်းဝင်းအတွင်းရှိ နေအိမ်တွင်ပင် စစ်ကောင်စီတပ်တို့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်းနှင့် ယာဉ်ထိန်းရဲတပ်ကြပ် အောင်နိုင်ဦးတို့ ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ထံ သတင်းပေးပို့သည်ဆိုပြီး စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သေးသည်။

Most read this week

ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...
April 9, 2026
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရွှင်ပွဲမျိုးမဆို...
April 8, 2026
စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ...