နေရပ်ပြန်စစ်ရှောင်များအား ပအိုဝ်းပြည်သူစစ်မှ စစ်သင်တန်းပေး

နေရပ်ပြန်စစ်ရှောင်များအား ပအိုဝ်းပြည်သူစစ်မှ စစ်သင်တန်းပေး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်း နေရပ်ပြန် စစ်ဘေးရှောင်များအား စစ်သင်တန်းပေးနေပြီး မီးနေသည်များကိုပါ ဂိတ်စောင့်ခိုင်းနေသည်ဟု ဒေသတွင်း ပအိုဝ်း သတင်းအရင်းအမြစ်များက ပြောသည်။

ဆောင်းပြောင်းကျေးရွာမှ နေရပ်ပြန် စစ်ရှောင်များကို ပင်လောင်းမြို့နယ်၊ တံခါးယဉ်ကျေးရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ၃ ရက်တာ စစ်သင်တန်းပေးနေပြီး သင်တန်းလုံခြုံရေးအတွက် မီးနေသည်များက ဂိတ်စောင့်နေရခြင်း ဖြစ် သည်။

နီးစပ်သူ အမျိုးသမီး တစ်ဦးက “သူကလေးမွေးပြီးတာ ၃ လပဲ ရှိသေးတယ်။ သူ့ယောက်ကျားလည်း သင်တန်း ပါတော့ စောင့်ခိုင်းထားတာလို့ ပြောတယ်။ ဟိုတယောက်ကတော့ ၅ လလောက် ရှိပြီထင်တယ်။ မီးနေသည်လည်း စစ်ပွဲနဲ့ဆိုတော့ ပြေးရလွှားရ၊ ကင်းပါစောင့်ရနဲ့ မလွယ်ဘူး” ဟု ပြောသည်။

မီးနေသည်များအနေဖြင့် ကလေးနို့တိုက်၍ ဂိတ်စောင့်နေရသည့်အပြင် ရာသီဥတု ပူပြင်းသည့်ဒဏ်ကြောင့် မူးဝေ၊ အားအင်ကုန်ခမ်းသည့် ဝေဒနာများ ခံစားနေရသဖြင့် ရေရှည်တွင် ကျန်းမာရေးပါ ထိခိုက်လာနိုင်သည်ဟု နီးစပ်သူများက ပြောသည်။

အဆိုပါ လုပ်ရပ်အား ကျန်းမာရေး အသိရှိသူများက ပြောဆိုထောက်ပြ ကြသော်လည်း PNA အရာရှိများက လက်မခံသည့်အပြင် ထောက်ပြသူများကိုပါ အော်ဟစ်ဆဲဆိုမှုများဖြင့် တုံ့ပြန်ခဲ့ကြသည်ဟု ဆိုသည်။

ပအိုဝ်းတော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက “သူတို့က ကိုယ်ဝန်ဆောင်၊ မီးနေသည်တွေကို ရွေးတယ်ဆိုတော့ တော်တော် အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်တယ်” ဟု ပြောသည်။

ဆောင်းပြောင်းတွင် နေထိုင်ကြသူများမှာ ဇွန်လလယ်ခန့်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် ခဲ့ရပြီး တိုက်ပွဲများ ငြိမ်သက်သွားသည့် အချိန်တွင် PNA က စစ်မှုထမ်းလိုကြောင်း လက်မှတ်ထိုးမှ သာ နေရပ်ပြန်ခွင့်ပေးမည်ဟု ကြေညာထားခြင်း ဖြစ်သည်။

သို့ဖြစ်၍ အမျိုးသားများမှာ ရသလောက်တောင့်ခံ ခဲ့ကြသော်လည်း စစ်ရှောင်ကာလအတွင်း ငွေရေးကြေးရေး ခက်ခဲလာသောကြောင့် နေရပ်ပြန်၍ စစ်သင်တန်း တက်ရောက်နေရသည်ဟု နီးစပ်သူများက ဆိုသည်။

Most read this week

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...