AA က မောင်တော နခခ(၅)အား အလံဖြူထောင်၍ လက်နက်ချခိုင်းထား

AA က မောင်တော နခခ(၅)အား အလံဖြူထောင်၍ လက်နက်ချခိုင်းထား

ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA)တပ်များ ပိတ်ဆို့ဝိုင်းရံထားသည့် စစ်‌ကောင်စီ၏တစ်ခုတည်း‌သောလက်ကျန်စခန်းဖြစ်သည့် အမှတ်(၅)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ(၅))တပ်ရင်းအား AA က အလံဖြူထောင်ခိုင်းထားပြီး လက်နက်ချခိုင်းထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

သတင်းရင်းမြစ်တစ်ဦးက "နခခ(၅)ကို အာရက္ခတပ်တော်ဘက်က အလံဖြူထောင်ပြီး လက်နက်ချခိုင်းထားတယ်လို့ သိရတယ်။ နခခ(၅)က ဘယ်ကိုမှထွက်လို့မရတော့ဘူး။ AA ဘက်ကပိတ်ဆို့ဝိုင်းရံထားပြီးပြီ။‌ ရေရှည်မှာ ဘယ်လိုမှလက်နက်မချဘဲနေလို့ မရနိုင်တော့ပါဘူး"ဟု  ပြောသည်။

မောင်တောနခခ(၅)အနီးရှိ အကြီးဆုံးကာကင်းစခန်းဖြစ်သည့် ခရိုင်တရားရုံးအပါအဝင် ကာကင်းစခန်း ၁၀ ကျော်အား AA က သိမ်းပိုက်ပြီးနောက် နခခ(၅)ကို AA က ပိတ်ဆို့ထားခြင်းလည်းဖြစ်သည်။

လက်ရှိတွင် မောင်တောမြို့ပေါ်သို့ စစ်တပ်ခိုလှုံနေသည့် နေရာများအား AA က ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း မြို့ပေါ်အား လေယာဉ်များ၊ ဒရုန်းများ၊ ရေတပ်နေဗီများဖြင့် ခုခံတိုက်ခိုက်လျက်ရှိနေသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်နေကြောင်း အဆိုပါ သတင်းရင်းမြစ်ကပြောဆိုသည်။

"မြို့ပေါ်မှာ AA နဲ့ စစ်တပ် တစ်ဖက်နဲ့ တစ်ဖက် ဒရုန်းတွေနဲ့ ဗုံးချပြီး တိုက်နေကြတယ်။ ဘုတ်ဆိပ် POE ဝင်/ထွက်စခန်းကလည်း မြို့ပေါ်ကိုလက်နက်ကြီးတွေပစ်နေပြီး တိုက်ပွဲ ဖြစ်နေကြတယ်"ဟု ပြောဆိုသည်။

မောင်တောမြို့သို့ နယ်မြေအသီသီးမှ တပ်ဆုတ်ပြီး ရောက်ရှိနေကြသည့်  နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၀၀ ကျော်သည် မော်တော်ဘုတ်အစီး ၂၀ ကျော်ဖြင့် သြဂုတ်လ ၁၃ ရက်‌တွင် အငူမော် ပင်လယ်၀တွင် ရပ်နားသို့ စစ် ရေယာဉ်များသို့ ထွက်ပြေးသွားခဲ့ကြပြီး လက်ကျန်နယ်ခြားစောင့်တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက AA ထိုးစစ်အား ခုခံလျက်ရှိနေကြသည်ဟု သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...