အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီးသေဆုံး မှု ရှမ်းပြည်တွင် အများဆုံးဖြစ်

အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီးသေဆုံး မှု ရှမ်းပြည်တွင် အများဆုံးဖြစ်

ရှမ်းပြည်နယ်ထဲတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဇူလိုင်လအတွင်း အမျိုးသမီးများ ထိခိုက်သေဆုံးမှု အများဆုံး ရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောသည်။

နိုင်ငံတဝှမ်း၌ ဇူလိုင်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အမျိုးသမီး ၆၃ ဦး သေဆုံးပြီး၊ ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ရှမ်းပြည်နယ်ထဲတွင် အများဆုံးဖြစ်သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။

ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများထဲ အမျိုးသမီးများ သေဆုံးခဲ့ရသည့် အခြေအနေများနှင့် ပတ်သက် ၍ BWU ၏ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေက ယခုကဲ့သို့ ပြောသည်။

“အထူးသဖြင့် ဒီ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နောင်ချိုပေါ့နော် အဲ့ဒေသတွေကတော့ အများဆုံးဖြစ် တယ်။ အဓိကက ကျတော့ ဒီ ၁၀၂၇ ဒုတိယ လှိုင်း နောက်ပိုင်းပေါ့နော် အဲ့နောက်ပိုင်း လေကြောင်း တိုက်ခိုက်မှု တွေ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ဦးရေမှာ ဆိုရင်တော့ ပမာဏ အများဆုံး ဖြစ်တယ်ပေါ့။”

ရှမ်းပြည်နယ်ထဲတွင် တစ်လအတွင်း အမျိုးသမီး ၂၂ ဦး သေဆုံးခဲ့ရသည်ဟု BWU က ဆိုသည်။

ဇူလိုင်လအတွင်း နိုင်ငံတဝှမ်း၌ စစ်ရေးပဋိက္ခများထဲ သေဆုံးသွားသူများ အမျိုးသမီးများမှာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ၃၃ ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၁၀ ဦး၊ လေကြောင်း ဗုံးကြဲတိုက်ခိုက် မှုကြောင့် ၉ ဦး၊ ဒရုန်းသုံး တိုက်ခိုက်ခံရမှုထဲ ၄ ဦး၊ တိုက်ပွဲထဲ ကျည်ထိမှန်သူ ၄ ဦး၊ မီးရှို့ခံရခြင်းကြောင့် ၂ ဦး နှင့် မုဒိမ်းကျင့် အသတ်ခံရသူ ၁ ဦး ရှိခဲ့သည်ဟု ဩဂုတ်လ ၆ ရက်နေ့တွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ် ပြန်ထားသည်။

အလားတူ ထိမှန်ဒဏ်ရာ ရရှိသူ ၄၃ ဦးရှိပြီး နိုင်ငံတစ်ဝန်း၌ ထိခိုက်သေဆုံးမှု အများဆုံးက ရှမ်းပြည်နယ်၊ ဒုတိယ အများဆုံးက မန္တလေးတိုင်းနှင့် တတိယမှာမူ စစ်ကိုင်းတိုင်း ဖြစ်သည်ဟု BWU က ထုတ်ပြန်သည်။

ရှမ်းမြောက်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ အမျိုးသမီးတွေကို ဘေးလွတ်ရာ တိမ်းရှောင်နိုင်ဖို့ အကူ အညီများ လိုအပ်နေသည်ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင် (SHRF) ပြောရေးဆိုခွင့်ရှိသူ ယိန်းလျန်းဟန် က ပြော သည်။

“ဒီအမျိုးသမီးတွေ သေဆုံးမှုများနေရတာတော့ ဒါကတော့ ကျမတို့ လက်တွေ့မြေပြင်မှာ ကြုံနေရတဲ့ အမှန် တရား တစ်ခုပေါ့နော်။ ဒီထက်ပိုပြီးမှလည်း ဒီအမျိုသမီးတွေကို အကာအကွယ်ပေးဖို့ ကျမတို့ အနေနဲ့ လိုအပ် တယ်။ ဒီအမျိုးသမီးတွေအနေနဲ့ ဘေးလွတ်ရာကို ပိုပြီးတော့မှ လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီပေးဖို့ လိုအပ်နေတယ်လို့ ကျမတို့ အနေနဲ့ ပြောချင်ပါတယ်။”

BWU ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်း သေဆုံးသူများထဲ စစ်ကောင်စီတပ်၏ မုဒိမ်းကျင့်သတ်ဖြတ်မှု ကြောင့် အမျိုးသမီးတစ်ဦးပါဝင်ခဲ့ပြီး အဆိုပါ အမျိုးသမီးမှာ မကွေးတိုင်းဒေသကြီးထဲက ဖြစ်သည်။

နိုင်ငံတဝှမ်း၌ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများထဲ အမျိုးသမီးများ သေဆုံးမှုက လစဉ်ရှိခဲ့ပြီး မေလထဲတွင် လည်း မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသည်။

BWU အနေဖြင့် လက်နက်ကိုင် ပဋိပက္ခကာလထဲ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် လက်နက်ကြီးအပြင် လေကြောင်းမှ ပစ်ခတ်မှုများထဲ သေဆုံးသွားသည့် ဖြစ်စဉ်များနှင့် ပတ်သတ်၍ စနစ်တကျ စာရင်းများပြုစုထားကာ နစ်နာသူ အမျိုးသမီးများအတွက်လည်း လိုအပ်သော အကူအညီများ ပေးနေသည်ဟု ဆိုသည်။

ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...