ဘောလခဲ ရေ‌ကျော် တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ချေမှုန်းနိုင်ခဲ့

ဘောလခဲ ရေ‌ကျော် တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ချေမှုန်းနိုင်ခဲ့

ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းက  မယ့်စလောင်းမြို့နှင့် ဘောလခဲမြို့ကြားရှိ  ရေကျော် တပ်စခန်းကို  ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ဒီကနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ သိမ်းပိုက်ချေမှုန်း နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရေကျော်တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ မယ့်စလောင်းတောင်စခန်း သိမ်းပိုက်နိုင်ခဲ့ပြီးကတည်းက ကြိုးစားဆောင်ရွက်ခဲ့တယ်လို့   ကရင်နီတပ်မတော်(KA)တပ်ရင်း(၅) ရဲ့ တပ်ရင်းမှူး ခွန်းပလော်ရီ က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီမယ့်စလောင်းနဲ့ ဘောလခဲအကြား ရေကျော်မှာနော်။  ဒီရေကျော်မှာ ဒီမနက် ၇နာရီ ၅၀ မှာစဖြစ်တယ်။ ကျနော်တို့ ဒီမယ့်စလောင်းမှာ သိမ်းပြီးတော့မှ ဒီရေကျော်မှာ ပြန်နားနေတယ်လေ။ ဒီရေကျော်မှာ သူတို့ စခန်းချဖို့ အဲ့တာ စီစဥ်တာပေါ့နော် ပြန်နေတယ် အဲ့တာ ဒီမနက် ကျနော်တို့ သွားချေမှုန်းလိုက်တယ်။” လို့ ခွန်းပလော်ရီကဆိုပါတယ်။

ဘောလခဲ ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရေးပါတဲ့ မယ့်စလောင်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် မယ့်စလောင်းတောင်စခန်းက စစ်ကောင်စီတပ်အင်အားတွေ ရေကျော်တပ်စခန်းမှာ အခြေချပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။

အဆိုပါ စခန်းမှာ စစ်ကောင်စီရဲ့ စကခ ၂ လက်အောက်ခံတပ်ရင်း ခမရ ၅၀၅ရှိနေတာဖြစ်ပါတယ်။  

တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်သား အလောင်း(၅) လောင်းအပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ခွန်းပလော်ရီက ဆိုပါတယ်။

လက်ကျန်တပ်သားတွေကတော့ ဘောလခဲဘက်ကို တပ်ဆုတ်သွားပြီး လူအင်အားစုက စစ်ကြောင်းပြန်ထိုးလာနိုင်တယ်လို့ ခွန်းပလော်ရီက ပြောပါတယ်။

Most read this week

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...