ဝိုင်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေကနေ သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ဘူးလို့ဆို

ဝိုင်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေကနေ သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ဘူးလို့ဆို

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်သိမ်းပိုက်လိုက်ဆိုတဲ့သတင်းဟာ မမှန်ကန်ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်မြို့ကို KIA က သိမ်းပိုက်လိုက်ပြီဆိုပြီး မနေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ အပြောများနေတာ ဖြစ်ပြီးတော့ ဒါနဲ့ပတ်သတ်လို့ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းတဲ့အချိန် အောက်ပါတိုင်းဖြေကြားပါတယ်။

”သတင်းက မမှန်ပါဘူး“ လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီနားသတင်းဂျာနယ်ကို ပြန်လည်ဖြေကြားလာတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ၂ ပတ်ကျော်လာပြီဖြစ်ပြီး မြစ်ကြီးနားမြို့အပါ ဝိုင်းမော်မြို့နဲ့ပါ အဆက်အသွယ်တွေ ပြတ်တောက်နေတာပါ။ ဒါ့ကြောင့်မြို့တွင်းအခြေအနေ တိတိကျကျကိုတော့ မသိရပါဘူး။

ဝိုင်းမော်မြို့အနီးတစ်ဝိုက် စစ်ရေးအခြေအနေ တင်းမာနေချိန်တွေမှာ တစ်ဖက်ကမ်း မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ ဝိုင်းမော်ဘက်အခြမ်းကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်လေ့ရှိပြီး အခုရက်ပိုင်းမှာတော့ ပစ်ခတ်သံတွေ မကြားရဘူးလို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။

“ဇူလိုင်လကုန်ပိုင်းလောက်က နှစ်ညလောက်ဟုတ်တယ်။ ၁၀နာရီ၊ ၁၁နာရီလောက်မှာ မြစ်ကြီးနားမြို့ဘက်ကနေ အသံကြားတာ။ ဘယ်ဘက်ကို ပစ်တာလည်းတော့ မသိဘူး။ အသံအကျယ်ကြီးပဲ။ အခု ဒီအပတ်လောက်မှာတော့ လက်နက်ကြီးပစ်သံတော့ မကြားရဘူး။“လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ဘက် MPT ဖုန်းတစ်ခဏရတဲ့အချိန် ဆက်သွယ်ကြည့်ရာမှာတော့ ဖုန်းနဲ့အင်တာနက်လိုင်းမရတာက လွဲရင် ပုံမှန်သွားလာလှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာတော့ ဝိုင်းမော်- လိုင်ဇာလမ်းတစ်လျှောက်ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့အပြင် ဝိုင်းမာ်-ဆဒုံး-ကန်ပိုက်တီလမ်းကိုလည်း KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အခြေအနေပါ။

ဝိုင်းမော်မြို့အတွင်းမှာတော့ စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်ရင်းတစ်ခုတည်းသာ ကျန်ရှိနေတာဖြစ်ပြီး အင်အားတိုးချဲ့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ဖုန်းနဲ့အင်တာနက် ဖြတ်တောက်ခဲ့တာဖြစ်ပြီး အဲဒီလိုဖြတ်တောက်ထားစဉ်အတွင်း ဩဂုတ်လ ၂ ရက်နေ့က မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း၊ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က သိမ်းပိုက်ထားတဲ့အပြင် မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်ရဲ့ ၄၃၇ တပ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။
May 7, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အနေနဲ့ တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော်...
May 6, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသကိုဝင်တဲ့ လမ်းတွေပိတ်ထားတဲ့အပြင် တိုက်ပွဲတွေကြောင့် ဒေသတွင်း...
May 4, 2026
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိနေတဲ့ စစ်ကော်မရှင်တပ်တွေကို ဒီကနေ့ မနက် ၅...