ချင်းပြည်နယ်မြို့နယ်သုံးခုတွင် (Malaria) ငှက်ဖျားရောဂါ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေ

ချင်းပြည်နယ်မြို့နယ်သုံးခုတွင် (Malaria) ငှက်ဖျားရောဂါ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေ

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နဲ့ ထန်တလန်မြို့နယ်တို့မှာ  ယခုမိုးတွင်းကာလဖြစ်တဲ့  ဇူလိုင်လ ကစပြီး ဩဂုတ်လ ပထမအထိ (Malaria) ငှက်ဖျားရောဂါ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေကြောင်း ထိုမြို့နယ်တွေမှ စစ်ဘေးရှောင်များကိုကူညီနေတဲ့သူတွေဆီကသိရပါတယ်။

လက်ရှိအနေအထားမှာ ချင်းပြည်နယ်မှာ မတူပီ၊ပလက်ဝနဲ့ထန်တလန်မြို့နယ်တွေဟာ စစ်ဘေးရှောင်အရေအတွက်အများဆုံးရှိတဲ့မြို့နယ်တွေဖြစ်ပါတယ်။

အဆိုပါမြို့နယ်တွေက ပြည်သူလူထုဟာ မိမိအိုးအိမ်စွန့်ခွါနေရာပြောင်းရွေ့၊စစ်ဘေးရှောင်ရင်း တောတောင်တွေမှာ ၂ ည/၃ ည ။တပတ် /၂ ပတ် အနည်းဆုံး နေထိုင်ရခြင်းကြောင့် ဌက်ဖျားရောဂါကူးစက်မှုပြန်လည်မြင့်တက်လာရခြင်းဖြစ်ကြောင်းသိရပါတယ်။

ချင်းပြည်နယ်မှာ ဌက်ဖျားရောဂါမတွေ့တော့တာ ၄ နှစ် ဝန်းကျင်ရှိပြီဖြစ်ပေမယ့်လည်း ၂၀၂၁ ခုနှစ်  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာကာ တိုက်ပွဲများစွာဖြစ်ပွါးလာပြီး   မြို့နယ်တိုင်းဟာ နေရပ်စွန့်ခွါရကာ တောထဲတောင်ထဲစစ်ဘေးရှောင်ရတဲ့ ပြည်သူများစွာရှိလာလို့ ဌက်ဖျားရောဂါကူးစက်မှုလည်းပြန်လည်မြင့်တက်လာခြင်းဖြစ်တယ်လို့  ချင်းပြည်နယ်မှာ  နှစ်အတန်ကြာတာဝန်ထမ်းဆောင်ဖူးတဲ့ဆရာဝန်တစ်ဦးက  မှတ်ချက်ပြုပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်က လူဦးရေ ၅ သိန်း၀န်းကျင်ရှိတဲ့ ချင်းပြည်နယ်ဟာ အာဏာသိမ်းပြီး ၃ နှစ် ခွဲခန့်မှာ ပြည်နယ်ရဲ့လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိပဲ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ၂၀၂၄ ခုနှစ်၊ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

February 6, 2026
ဖလမ်းမြို့နယ်အတွင်းနဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က...
February 5, 2026
ရွှေ့ပြောင်းအခြေချသူဦးရေများစွာရှိတဲ့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ မှတ်ပုံအသစ်ပြုလုပ်တာ...
February 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ကလေး - သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ တတိယစစ်ကြောင်းနဲ့...
February 3, 2026
အာဏာသိမ်းမြန်မာစစ်ကော်မရှင်ဘက်က အရှေ့တီမော (Timor Leste)နိုင်ငံ သံအမတ်ကို ခေါ်ယူသတိပေးတာမျိုးတွေ...