တီယန်ဇွပ်ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်

တီယန်ဇွပ်ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပေါ်က တီယန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဩဂုတ်လ ၂ ရက်နေ့  ၉ နာရီလောက်မှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

မနေ့က ဩဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းလောက်ကနေစပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ ၁ ကနေ တီယန်ဇွပ်ကျေးရွာကစစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မနက်မှာတော့ စခန်းသုံးခုစလုံးကို အပြီးသတ်သိမ်းပိုက်နိုင်တာလည်း ဖြစ်ပါတယ်။

" တီယန်ကတပ်စခန်း ဒီကနေ့မနက် ၉ နာရီမှာ အပြီးသိမ်းနိုင်ပြီ။ အဲဒီမှာ တပ်က ၅၈ တစ်ခုတည်းပဲ။ ဒါပေမဲ့ တပ်ဖြန့်ခွဲထားတာ ၃ ခုရှိတာပေါ့။ အားလုံးသိမ်းပြီးပြီ။ "လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

တီယန်ဇွပ်ဒေသခံ ပြည်သူတစ်ဦးကတော့ အရင်က ရွာအတွင်း စခန်းတစ်ခုသာရှိပေမဲ့ လက်ရှိမှာတော့ ကျောင်းကောင်(Jawng Kawng)ဘက် တပ်စခန်းတစ်ခုနဲ့ တစ်ချို့ လက်ဝါးကားတိုင်တောင်ရှိတဲ့ဘက် တပ်စခန်းပြန်ချလာကြတာတွေရှိပြီး စစ်သားအင်အားကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

အထက်ပါ တပ်စခန်းအားလုံးမှာ စစ်သားအင်အားစုစုပေါင်း ၄၀ လောက်ရှိပြီး လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေဆဲ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ မိုင် ၅၀ ကျော်လောက်ဝေးတဲ့ မြစ်ဆုံအထက်ပိုင်းက တီယန်ဇွပ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး လူဦးရေ တစ်ထောင်၀န်းကျင် နေထိုင်ပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...