လားရှိုးဒေသခံများကို MNDAA က ကာကင်းကျင်းတူးခိုင်းနေ

လားရှိုးဒေသခံများကို MNDAA က ကာကင်းကျင်းတူးခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း၌ ကိုးကန့်တပ်ဖွဲ့ MNDAA သည် အရပ်သားဝတ်စုံဖြင့် ဝတ်ဆင်ပြီး အရပ်သားနေအိမ်တွင် နေရာယူကာ ဒေသခံများကို ကာကင်းကျင်းတူးခိုင်းနေကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့သည် ဇူလိုင် ၃ရက်မှ စတင်ကာ ဇူလိုင် ၂၂ရက်အထိ စစ်ရေးပြင်းထန်နေပြီး လားရှိုးဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အချို့ မထွက်ပြေးနိုင်သည့် ဒေသခံများကို MNDAA ဘက် ကာကင်းကျင်းတူးခိုင်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်သည် လားရှိုးမြို့နယ် ဟတ်ကာကျေးရွာအတွင်း ဖြစ်ပွားနေသည်။

“ သူတို့က အရပ်သားဝတ်စုံတွေနဲ့ တအိမ်ကို ၂ ယောက်၊ ၃ယောက် လာနေတယ်။ အားလုံးက တရုတ်ဘာသာစကားတွေ ပြောကြတာ။ အိမ်မှာ ကျန်တဲ့သူတွေကို သူတို့အတွက် ကျင်းတူးခိုင်းတယ်။ ပြီးတော့ အိမ်မှာ ချက်ပြုတ်ကြတယ်” ဟု လားရှိုးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လားရှိုးမြို့အတွင်း တစ်နေ့ထက် တစ်နေ့ စစ်ရေးပဋိပက္ခ ပိုပြင်းထန်လာသဖြင့် ဟတ်ကာကျေးရွာ ပြည်သူများအပါအဝင် လားရှိုးဒေသခံများသည် အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ကြသော်လည်း အချို့အမျိုးသားများသည် အိမ်စောင့်အဖြစ်ကျန်ရှိနေခဲ့ကြပြီး၊ ထိုသူများကို MNDAA က ဇူလိုင် တတိယပတ်မှစကာ ကာကင်းကျင်းတူးခိုင်းနေကြောင်း ၎င်းက ပြောသည်။

“သူတို့တွေက ရွာမှာ မပြေးဘဲ ကျန်နေတဲ့ အရပ်သားတွေကိုလည်း ကျဉ်းတူးခိုင်တယ်။အမျိုးတွရဲ့ အိမ်ရှေ့မှာ ကော ကျမတို့ အိမ်ရှေ့ကော ကျဉ်းတူးခိုင်းတယ်။ကျမတို့ ခြံဝန်းထဲမှာလည်း ချက်ပြုတ်ပြီး နေနေကြတာ ”ဟု လားရှိုးမြို့ခံ တခြားဒေသသို့ ထွက်ပြေးသွားသူတစ်ဦးက ပြောသည်။

ယခု ဇူလိုင် ၁၉ရက်မှဇူလိုင် ၃၁ရက်ထိ MNDAA ဘက်မှ တရုတ်အာဏာပိုင်၏ တောင်းဆိုမှုကြောင့် တဖက်သက် အပစ်ရပ်ဆိုင်းမည်ဟုဆိုသော်လည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် စစ်ရေးပြင်းထန်နေကြောင်း လားရှိုး ဒေသခံများက ပြောသည်။

လက်ရှိမှာ လားရှိုးမြို့တွင်း တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်ကောင်စီ ၏ သံချပ်ကာကားသည်လည်း မြို့တွင်း သွားလာလှုပ်ရှားနေကာ လားရှိုးမြို့ ဒေသခံများ အခြားသို့ ဆက်လက်ထွက်ပြေးရန် ကြိုးစားနေကြသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...