ကျားခေါင်းပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် အနည်းဆုံး နေရာ ၁၅၀ ဝင်ပြိုင်မည်

ကျားခေါင်းပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် အနည်းဆုံး နေရာ ၁၅၀ ဝင်ပြိုင်မည်
by -
မဇ္ဈိမ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် နေရာ ၁၅၀ တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု SNLD၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က မဇ္ဈိမကို ပြောသည်။

ဗဟိုကော်မတီ အစည်းအဝေးကြီးက ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန် အတည်ပြုဆုံးဖြတ်လိုက်သည်ဟု ဇူလိုင်လ ၁၆ ရက် ရက်စွဲဖြင့် ပါတီက ထုတ်ပြန်ကြေညာထားသည်။

ကိုယ်စားလှယ်လောင်း၏ ၅၀ ရာခိုင်နှုန်းများအမျိုးသမီး ကိုယ်စားလှယ်လောင်းများ ဖြစ်နိုင်သော်လည်း အတိအကျပြောဆို၍ မရသေးဟုလည်း ဦးစိုင်းညွှန့်လွင်က ဆိုသည်။

ဦးစိုင်းညွန့်လွင်က “အနည်းဆုံးနေရာက ၁၅၀လောက်ပဲရှိမှာပါ။ အသေးစိတ်ကတော့ အတည်မပြုနိုင် သေးပါဘူး။ အဓိကက စည်းရုံးရေးနယ်မြေ ထောက်ခံတဲ့သူများတဲ့ နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာပါ” ဟုပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို သြဂုတ်လ ၈ ရက်တွင် အတည်ပြုသွား မည်ဟုလည်း ၎င်းကဆိုသည်။

ပါတီက ပြည်သူလူထုတစ်ရပ်လုံး ရင်ဆိုင်ကြံုတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲ အကျပ်အတည်းများကို ကူညီဖြေရှင်းသွားရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် လိုအပ်နေ သည့် အခြေခံအုတ်မြစ် တည်ဆောက်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်သည်ဟုလည်း ကြေညာချက်တွင် ပါဝင်သည်။

ယင်းအပြင် တိုင်းပြည်တွင် ကြံုတွေ့နေရသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး၊ ပြည်တွင်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး စသည့် ကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဖြေရှင်းမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

SNLD

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဇူလိုင်လ ၈ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီက လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်ကို ဇူလိုင်လ ၂၀ ရက်က စတင်၍ ၁၄ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရမည်ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...