လောင်တလိုင်ခရိုင်က စစ်ဘေးရှောင်အရေး၊ နယ်စပ်လုံခြုံရေးအကြောင်း ဆွေးနွေး

လောင်တလိုင်ခရိုင်က စစ်ဘေးရှောင်အရေး၊ နယ်စပ်လုံခြုံရေးအကြောင်း ဆွေးနွေး

မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်အရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စတို့ကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Cheemala Siva Gopal Reddy ဦးဆောင်မှုဖြင့် သူ၏ရုံးခန်းတွင် ဇူလိုင် ၁၁ ရက်က ကျင်းပသော ယင်းဆွေးနွေးပွဲတွင် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYLA, LWA, MHIP, MUP တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် အုပ်ချုပ်ရေးမှူးက လောင်တလိုင်ခရိုင်းအတွင်း ဝင်ရောက်ခိုလှုံလာကြသော မြန်မာနှင့် ဘဂ်လားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်များကို တတ်နိုင်သည့်ဘက်မှ ကူညီပေးခဲ့ကြသော်လည်း အစိုးရထံကနေ စစ်ရှောင်များအတွက် သီးခြားအကူအညီမရှိသောကြောင့် နောက်ထပ်စစ်ဘေးရှောင်များ ဝင်ရောက်လာမည်ဆိုပါက ကူညီရေးပိုင်းတွင် အခက်ကြုံနိုင်ပြီး သတိရှိကြရန်ပြောဆိုခဲ့သည်။

“ လက်ရှိ ရှိနေတဲ့စစ်ဘေးရှောင်တွေကို မောင်းထုတ်ဖို့မရှိပါဘူး၊ သို့သော် အစိုးရဆီကနေ စစ်ဘေးရှောင်တွေအတွက် သီးခြားအကူအညီမရှိတာကြောင့် နောက်ထပ်စစ်ဘေးရှောင်တွေ ထပ်ဝင်လာမယ်ဆိုရင် ကျနော်တို့အခြေအနေနဲ့ အဲဒီဝန်ကို ထမ်းနိုင်ပါ့မလား၊ ဒါကြောင့် ကိုယ့်အခြေအနေကို သိဖို့လိုပါတယ်” ဟု လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

လောင်တလိုင်ခရိုင်တွင် ယခုလက်ရှိ မြန်မာနိုင်ငံက စစ်ဘေးရှောင် ၆၀၀၀ ခန့်ရှိနေပြီး စစ်ရှောင်စခန်း ၃၈ ခုနှင့် ကျေးရွာပေါင်း ၅၀ ကျော်တွင် ဖြန့်ကျက်နေထိုင်ကြသည်ဟု သိရသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာကြသော ချင်းအနွယ်ဝင် စစ်ဘေးရှောင်မှာလည်း ၂၀၀၀ ခန့်ရှိပြီး စစ်ရှောင်စခန်း ၁၂ ခုနှင့် ကျေးရွာ ၁၁ ရွာတွင် ဖြန့်ကျက်နေထိုင်ကြကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ချင်းအနွယ်ဝင် Bawm မျိုးနွယ်စု လူဦးရေ ၁၂၆ ယောက်သည် လောင်တလိုင်ခရိုင်ထဲ ဝင်ရောက်လာကြပြီး အိန္ဒိယနယ်ခြားစောင့်တပ်က နေရပ်ပြန်ပို့ရန် နယ်စပ်ကို ကားဖြင့် သယ်ဆောင်ခဲ့သော်လည်း မီဇိုရမ်ဝန်ကြီးချုပ်၏ တောင်းဆိုမှုဖြင့် လောင်တလိုင်ခရိုင်ထဲ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။

လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အရပ်ဖက်အဖွဲ့အစည်းတို့ တွေ့ဆုံမှုတွင် လောင်တလိုင်ခရိုင်အတွင်း ရခိုင်လူမျိုးများ ဝင်ရောက်နေထိုင်မှုအပေါ်လည်း ဆွေးနွေးခဲ့ကြပြီး နယ်စပ်လုံခြုံရေးတင်းကြပ်ရန် အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ဆွေးနွေးထားပြီဖြစ်ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်အတိုင်း စစ်ဆေးဂိတ်များ ထပ်တိုးရန်လည်း အထက်ကို တင်ပြသွားမည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် ရခိုင်လူမျိုးများ လောင်တလိုင်ခရိုင်ထဲ ဝင်/ထွက်သွားမှုကို စနစ်တကျ စာရင်းပြုစုရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...