တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့မှာ ဝန်ထမ်းတွေ လစာမရ ဖြစ်နေ

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့မှာ ဝန်ထမ်းတွေ လစာမရ ဖြစ်နေ

ရခိုင်ပြည် တောင်ဘက်ပိုင်း သံတွဲမြို့နယ် အတွင်းရှိ ဝန်ထမ်းများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသဖြင့် ဇွန်လ လစာမရဘဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက “ ဇွန်လ လစာ လကုန်ပေမယ့် မရသေးပါဘူး။ ဝန်ထမ်းဆိုတာက လစာအပေါ်မှာ မီခိုနေရတော့ လစာမရတော့ အခက်အခဲဖြစ်နေကြရပါပြီ”ဟု ပြောကြားသည်။

အစိုးရဝန်ထမ်းလစာများကို ခလ၇ (၅၅) တွင် သိမ်းဆည်းထားပြီး ပို့ဆောင်ရန် အခက်အခဲရှိနေသည်ဟု တစ်ခြား ဝန်ထမ်းတစ်ဦးကပြောသည်။

“ ဝန်ထမ်းတွေလစာကို တပ်ရင်း ၅၅မှာ သိမ်းထားပါတယ်။ တိုက်ပွဲတွေဖြစ်တော့ ပို့ဆောင်ဖို့ အခက်အခဲဖြစ်နေပါတယ်။ လက်ရှိ ဒီကနေ့ထိ ၅၅ ဘက်က သေနတ်ပစ်ခတ်သံတွေကြားရပါတယ်။ ဒီနေ့ မနက်ကစပြီး ကြားရတာပါ။ တိုက်ပွဲဖြစ်နေတယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။

နောက်ဆုံးရရှိသော သတင်းအရ သံတွဲမြို့ရှိ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံးတို့ကို သံတွဲမြို့တောင်ဘက် ဂွမြို့သို့ ရွှေ့ပြောင်းသွားခဲ့သည်ဟု သိရသည်။

အလားတူ ခရိုင်နှင့် မြို့နယ် အဆင့်ရှိ ရဲတပ်ဖွဲ့များ၊  ဌာနဆိုင်ရာဝန်ထမ်းများအားလုံးမှာလည်း သံတွဲမြို့ကို စွန့်ခွာသွားကြပြီဖြစ်သဖြင့် စစ်ကောင်စီ၏ မြို့အုပ်ချုပ်ရေးမှာ ပျက်ပြားသွားပြီဟု သိရသည်။

June 10, 2026
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် ပြည်နယ်...
ပုံ-IMNA Data Visualisation
June 9, 2026
မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်ကော်မရှင်...
June 8, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသဘက်တွင် လေကြောင်းအန္တရာယ်စိုးရိမ်ရသဖြင့်...
June 6, 2026
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင်...