၁၀ ရက်ကျော်ပိတ်ထားသည့် ဘုရားသုံးမြို့ရှိ ထိုင်း- မြန်မာနယ်စပ်ဂိတ် ပြန်လည်မဖွင့်သေး

၁၀ ရက်ကျော်ပိတ်ထားသည့် ဘုရားသုံးမြို့ရှိ ထိုင်း- မြန်မာနယ်စပ်ဂိတ် ပြန်လည်မဖွင့်သေး

ဘုရားသုံးဆူမြို့ရှိ ထိုင်း- မြန်မာနယ်စပ်ဂိတ်ကို  မြန်မာအာဏာပိုင်တို့မှ နှစ်နိုင်ငံကုန်ပစ္စည်း တင်သွင်းခွင့်ကို ၁၀ ရက်ခန့်ပိတ်ထားရန် ထိုင်းအာဏာပိုင်တို့ထံ ပြောဆိုထားပြီး လက်ရှိ ၁၀ ရက်ကျော်သည်အထိ ပြန်လည်မဖွင့်လှစ်နိုင်သေးကြောင်း ကုန်သည်တို့ထံမှသိရသည်။

နယ်စပ်ဂိတ်ကို ၁၀ ရက်အတွင်းနှစ်နိုင်ငံကြားညှိနှိုင်းပြီးပြန်လည် ဖွင့်ပေးမည်ဟု ထိုင်းသတင်းဌာနတစ်ချို့တွင် ဖော်ပြပြောဆိုထားသော်လည်း ယမန်နေ့ဇွန် ၂၇ ရက်နေ့တွင် ၁၀ ရက်ပြည့်ပြီး ဖြစ်သောကြောင့် ကုန်သည်တို့စောင့်ဆိုင်းလျှက်ရှိသည်ဟု ဆိုသည်။

“ကုန်တင်ကားတွေမပေးဖြတ်သေးဘူး၊ထိုင်းဘက်ကသူတို့ကုန်တွေကိုတော့မပိတ်ဘူးပေးထွက်တယ်၊ သူတို့က အခွန်ရမှာပဲ၊ဒီမြန်မာဘက်ပဲတရားမဝင်တစ်နိုင်တစ်ပိုင်ဆိုတော့ အခွန်သိပ်မရဘူး ဆယ်ရက်ပိတ်မယ်လို့ ကြားတယ်ဒီနေ့လဲမဖွင့်ဖြစ်သေးဘူး ” ဟု ထိုင်းကုန်စည်တင်ပို့နေသည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

 ကုန်တင်ကားသွားလာခွင့် ကန့်သတ်ထားသည့်နောက်  ပြည်တွင်းတွင် ကုန်စည်အဝင်အထွက်မမျှကာ ထိုင်းကုန်စည်ဈေးနှုန်းအဆမတန် မြင့်တက်လျက်ရှိသည်ဟု သိရသည်။

လက်ရှိ နယ်စပ်လမ်းကြောင်း ပိတ်ထားသည့်ကာလအတွင်း ထိုင်းနိုင်ငံဘက်သို့ စက်ရုံးလုပ်ငန်းလုပ်ကိုင်သူနှင့် ဘုရားသုံးဆူမြို့မှ ဝင်ထွက်နေသည့် ကျောင်းအကြိုအပို့ယာဉ်တို့ကိုလည်း  မနက်ပိုင်း ၆နာရီမှ ၉ နာရီကြားတွင်သာ ဝင်ထွက်ခွင့်ပြုပြီး ညနေပိုင်းတွင်လည်း ၄နာရီမှ ၉ နာရီအထိအချိန်သတ်မှတ်ကာ ဖြတ်သန်းသွားလာခွင့်ပေးနေသည်ဟုလည်း မြို့ခံတို့မှ သိရသည်။

ထို့ပြင် ယမန်နေ့တွင် ထိုင်းနိုင်ငံနယ်စပ် (ဝင်ကရွာ) ရှမ်းကုန်းမြောင်းဘက်တွင် ခရီးသည်များ ဘုရားသုံးဆူမြို့အတွင်းဝင်ထွက်သွားလာမှုများနေသဖြင့် ကားများတန်းစီပိတ်မိနေသည့်အတွက်

ထိုင်းအာဏာပိုင်တို့မှ ခရီးသွားလာခွင့် ထပ်မံကန့်သတ်ထာကြောင်းလည်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

“ဝင်ဘုရားသုံးဆူကိုခရီးသည်တွေသွားလာတာများလို့အနှောင့်ယှက်ဖြစ်တယ်ဆိုပြီး၊ ထိုင်းဘက်ကနေမနေ့က ထပ်ပိတ်တာ၊ ဟိုလမ်းကမဖွင့် ဒီဘက်လမ်းပြောင်းကုန်တော့ ရှမ်းကုန်းဘက်မှာ ကားတွေပိတ်မိတာ၊ စက်ရုံးလုပ်ငန်းလုပ်သူတွေနဲ့ ကျောင်းတက်တဲ့ကလေးတွေကိုတော့ သွားခွင့်ပေးပါတယ် ” ဟု ဆိုသည်။

ဘုရားသုံးဆူမြို့ ထိုင်း- မြန်မာနယ်စပ်ဂိတ်တို့ကို ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ၁၀ ရက်ပိတ်ထားရန် မြန်မာအာဏာပိုင်တို့ကို ပြောဆိုထားကြောင်း ထိုင်းနိုင်ငံ စံခလဘူရီ အကောက်အခွန်အကြီးအကဲမှ ထိုင်းသတင်းတွင် ပြောဆိုထားသည်ဟု သိရသည်။

ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းတု့ိကို နယ်စပ်ဂိတ်ကို ပိတ်ဆို့ကာ တင်သွင်းဖွင့်ပိတ်ထားသည့်အပြင် တစ်နည်းနည်းဖြင့်ဝင်ရောက်လာသည့်ကုန်ပစ္စည်းတို့ကိုလည်း စစ်ကောင်စီမှ ကျိုက်မရော စံပယ်ဂူတံတားဘက်တွင် လိုက်လံဖမ်းဆီးစစ်ဆေးလျှက်ရှိသည်ဟု သိရသည်။

February 10, 2026
စစ်ကော်မရှင်မှ ရွေဈေးစံချိန်တင်မြင့်တက်နေစဉ်တွင် ရောင်းချဖွင့်လှစ်ထားသည့် ရွှေဆိုင်များကို...
February 9, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ သာယာကုန်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်က ဒရုန်းဖြင့်...
February 7, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက် ဖလူးနှင့် မင်းလက်ပံရွာတစ်ဝိုက်ရှိဒေသခံများ စစ်အုပ်စုမှ...
February 6, 2026
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သူဝန်ထမ်းများ ပြစ်မှုကျုးလွန်ခြင်းမရှိပါက အမည်စာရင်း Black...