ဖားကန့်မြို့နယ် မဇွပ်ယန်ရွာမှာ ကျောက်စိမ်းတူးဖော်ဖို့ ပြည်သူတွေကိုရွှေ့ပြောင်းခိုင်းဖို့ပြင်ဆင်

ဖားကန့်မြို့နယ် မဇွပ်ယန်ရွာမှာ ကျောက်စိမ်းတူးဖော်ဖို့ ပြည်သူတွေကိုရွှေ့ပြောင်းခိုင်းဖို့ပြင်ဆင်

- ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာတစ်ရွာလုံးကို KIO အရာရှိတချို့နဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီး ကျောက်စိမ်းတူးဖော်ဖို့အတွက် ဒေသခံပြည်သူအားလုံးကို ရွှေ့ပြောင်းခိုင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

- မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က လမ်းတူးဖော်ဖြတ်တောက်တာ၊ စစ်ရေးလှုပ်ရှားတာတွေအပြင် မြို့တွင်းစစ်ဆေးရေးတင်းကျပ်မှုတွေလုပ်ဆောင်နေပြီး အင်တာနက်ဖြတ်တောက်ပိတ်ပင်တဲ့အထိ လုပ်ဆောင်နေတယ်လို့ မြစ်ကြီးနားဒေသခံတွေက ပြောပါတယ်။

- ပူတာအိုမြို့နယ် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲအပြီး ၁ လကျော်အကြာမှာ ဒေသခံပြည်သူအားလုံး နေရပ်ပြန်လာကြပြီဖြစ်ပြီး လက်ရှိ နေစရာအိမ်မရှိတဲ့သူတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ 

August 28, 2026
- ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပေါင်းစည်းနိုင်ရေးအတွက် ချင်းလဲန်းကောင်စီ (CC) နဲ့...
August 27, 2026
- ကရင်နီပြည်မှာ ဂျဲဒါန်အခြေပြုအကြမ်းဖက်မှုတွေ မြင့်မားနေသေးတာကြောင့် လျှော့ချနိုင်ဖို့...
August 26, 2026
- KIO ထိန်းချုပ်နယ်မြေမှာ ကုမ္ပဏီတွေကို မြေရှားသတ္တုလုပ်ကွက်ချပေးအပြီး လိုက်နာရမယ့်ဥပဒေတွေကိုပါ...
August 26, 2026
- တိုက်ပွဲနီးကပ်လာတာကြောင့် မြဝတီမြို့တောင်ပိုင်းက စစ်ဘေးရှောင်တွေ လေကြောင်းနဲ့...