KIA က ဆဒုံးမြို့နဲ့ ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီကားလမ်းပိုင်းကို ထိန်းချုပ်

KIA က ဆဒုံးမြို့နဲ့ ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီကားလမ်းပိုင်းကို ထိန်းချုပ်

- ကချင်ပြည်နယ် ဆဒုံးမြို့ကို KIA ဘက်က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီကားလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

- ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်းမရှိပေမဲ့လည်း စစ်ကော်စီဘက်က နေ့ညမပြတ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာကြောင့် တစ်ပတ်အတွင်း အရပ်သား ၂၀ ခန့် ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် မိုင်းမော်(Mungmaw)အနီး ဘော်ဟိုကျန့် (Magwi Baw Bum) သတ္တုတွင်းမှာ တအာင်းတပ် TNLA က သတ္တုထုတ်နေတာကို တားဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ သတ္တုတင်ကားတွေနဲ့ ကုမ္ပဏီလူတွေသာ အဝင်အထွက်လုပ်နေတဲ့လမ်းပိုင်းကို KIA ဘက်က တားဆီးပိတ်ပင်တာတွေပြုလုပ်နေတယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

Most read this week

December 17, 2025
- ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးလာတဲ့အချိန် တနိုင်းမြို့နယ် မှော်ဒေသဘက်မှာ တိုက်ပွဲတွေ...
December 17, 2025
- အုပ်ချုပ်နယ်မြေတွေ ကျယ်ပြန့်လာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ထိတွေ့ဆက်ဆံပြီး ဒေသန္တရ...
December 16, 2025
- စစ်ကော်မရှင်ကို အမြန်ဆုံးအရေးယူပေးဖို့ မြောက်ဦးဆေးရုံဗုံးကြဲမှု နစ်နာသူမိသားစုဝင်တွေက...
December 15, 2025
- ရခိုင်ပြည်၊ မြောက်ဦးမြို့မှာ စစ်ကော်မရှင်တပ်က ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ်...