KIA က ဆဒုံးမြို့နဲ့ ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီကားလမ်းပိုင်းကို ထိန်းချုပ်

KIA က ဆဒုံးမြို့နဲ့ ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီကားလမ်းပိုင်းကို ထိန်းချုပ်

- ကချင်ပြည်နယ် ဆဒုံးမြို့ကို KIA ဘက်က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီကားလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

- ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်းမရှိပေမဲ့လည်း စစ်ကော်စီဘက်က နေ့ညမပြတ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာကြောင့် တစ်ပတ်အတွင်း အရပ်သား ၂၀ ခန့် ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် မိုင်းမော်(Mungmaw)အနီး ဘော်ဟိုကျန့် (Magwi Baw Bum) သတ္တုတွင်းမှာ တအာင်းတပ် TNLA က သတ္တုထုတ်နေတာကို တားဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ သတ္တုတင်ကားတွေနဲ့ ကုမ္ပဏီလူတွေသာ အဝင်အထွက်လုပ်နေတဲ့လမ်းပိုင်းကို KIA ဘက်က တားဆီးပိတ်ပင်တာတွေပြုလုပ်နေတယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

August 28, 2026
- ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပေါင်းစည်းနိုင်ရေးအတွက် ချင်းလဲန်းကောင်စီ (CC) နဲ့...
August 27, 2026
- ကရင်နီပြည်မှာ ဂျဲဒါန်အခြေပြုအကြမ်းဖက်မှုတွေ မြင့်မားနေသေးတာကြောင့် လျှော့ချနိုင်ဖို့...
August 26, 2026
- KIO ထိန်းချုပ်နယ်မြေမှာ ကုမ္ပဏီတွေကို မြေရှားသတ္တုလုပ်ကွက်ချပေးအပြီး လိုက်နာရမယ့်ဥပဒေတွေကိုပါ...
August 26, 2026
- တိုက်ပွဲနီးကပ်လာတာကြောင့် မြဝတီမြို့တောင်ပိုင်းက စစ်ဘေးရှောင်တွေ လေကြောင်းနဲ့...