မြဝတီမြို့လုံခြုံရေးအတွက် အင်အား ၂ထောင်ခန့် ချထားကြောင်း BGFပြောဆို

မြဝတီမြို့လုံခြုံရေးအတွက် အင်အား ၂ထောင်ခန့် ချထားကြောင်း BGFပြောဆို

ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် တိုက်ပွဲ မဖြစ်ပွားလာရေး လက်ရှိအချိန်တွင် နယ်ခြားစောင့် တပ် (BGF)မှ အင်အား (၂,၀၀၀) ခန့်ဖြင့် မြို့လုံခြုံရေး ချထားပေးကြောင်း BGF တာဝန်ရှိသူက ပြောသည်။

မြဝတီမြို့တွင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိစေရေးအတွက်ဦးတည်၍ BGF မှ မြို့တွင်း မြို့ပြင်နေရာများတွင် အင်အားအများအပြားအသုံးပြု၍ ချထားပေးခြင်းလည်းဖြစ်သည်ဟု BGF တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းမှ ယခုလိုပြောသည်။

၎င်းက “မြို့လုံခြုံရေးက ကျနော်တို့ BGF ကဘဲယူတာဖြစ်တယ်။ ဒါပေမယ့် ဌာနဆိုင်ရာတွေကတော့ သူတို့ လုပ်နိုင်တဲ့အပိုင်းတောာ့ သူတို့လုပ်တယ်။ သူတို့ကြည့်ရင်းနဲ့ လုပ်နေရတာပေါ့။ ကျနော်တို့ မြို့လုံခြုံရေးယူ တာက အဓိက အရေးကြီးတာက မြဝတီမြို့မှာ တိုက်ပွဲ မဖြစ်လာဖို့အတွက် ဖြစ်တယ်။ ဒီမြဝတီမြို့မှာတော့ ကျနော်တို့က တိုက်ပွဲမဖြစ်စေချင်ဘူး။ တိုက်ပွဲဖြစ်လာရင် ပျက်စီးမှုတွေဘဲရှိလာမယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် မြဝတီမြို့တွင် ကျန်ရှိသည့် စစ်ကောင်စီတပ်များသည်လည်း ယခင်လို အင်အားမရှိတော့သည့်အတွက် အပြင်ထွက်ခြင်းမရှိသလို ၎င်းတို့၏ တပ်စခန်းဝင်းထဲကိုသာ အခြေအနေကြည့်ကာ နေထိုင်ကြောင်းလည်း ဗိုလ်မှူး စောတင်ဝင်းက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီမြို့စောင့်တပ်ဖြစ်သည့် ခြေလျင်တပ်ရင်း (ခလရ-၂၇၅) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ထိုတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် နှစ်နိုင်ငံ နယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတား အောက်သို့ တပ်ဆုတ်သွားပြီးနောက် လက်ရှိတွင် BGF အကူအညီဖြင့် တပ်စခန်းဝင်းထဲတွင် ပြန်လည် နေထိုင် ခြင်းရှိကြောင်းလည်းသိရသည်။

ဒါ့အပြင် မြဝတီမြို့သို့ စစ်ကူတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ ဘက်မှ ကြားဖြတ်တိုက်ခိုက်သည့်အတွက် လက်ရှိအချိန်ထိ ဒေါနတောင်ကို ကျော်လွန်လာ၍မရသောကြောင့် BGF အကူအညီဖြင့် မြဝတီမြို့ထဲကို စစ်ကောင်စီ အင်အားရာနှင့်ချီပို့ဆောင်ကြောင်း သတင်းထွက်သည့်အပေါ် စစ်ကောင်စီပေးသည့် လစာ မယူတော့သည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်ပေးခြင်းမရှိကြောင်းကို ဗိုလ်မှူး စောတင်ဝင်းက ဆက်လက်ငြင်းဆိုထားသည်။

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့သည် BGF၏ စီးပွားရေးလုပ်ငန်းအများအပြားရှိသလို စစ်အာဏာ မသိမ်းခင်ကတည်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ BGF မှ မြို့လုံခြုံရေးယူခြင်းရှိခဲ့ကြောင်းသိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...