KNU တပ်မဟာ(၅)နယ်မြေတွင် မေလအတွင်း စစ်ကောင်စီတပ်စခန်း (၅)ခု ရုပ်သိမ်းခဲ့

KNU တပ်မဟာ(၅)နယ်မြေတွင် မေလအတွင်း စစ်ကောင်စီတပ်စခန်း (၅)ခု ရုပ်သိမ်းခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး၊ မူတြော်ခရိုင်/တပ်မဟာ(၅)နယ်မြေ၊ ဘူးသိုမြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီတပ်စခန်း (၅)ခု ရုပ်သိမ်းသွားခဲ့ကြောင်း ဇွန်လ (၄)ရက်၊ ယနေ့တွင် ထုတ်ပြန်သည့် ကေအဲန်ယူ မူတြော်ခရိုင်၏ လစဉ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းရုပ်သိမ်းသည့် စစ်ကောင်စီတပ်စခန်းများမှာ ခြေမြန်တပ်ရင်း ခမရ-၄၃၄ အခြေချတပ်စွဲသည့် ကျောက်ညှပ်-ဝါလူစခန်း၊ တာဘူကျိုးစခန်း၊ ပန်ဟိုက်-ကဟီးကျိုးစခန်းများအပြင် ခမရ(၁၉) အခြေချသည့် လယ်တိုးစခန်းနှင့် ခမရ-၃၄၁ နတ်တောင်-မောဖိုးကျိုးစသည့် စခန်းများဖြစ်ပြီး  ထိုစခန်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခေါပုတ်စခန်းတွင် ပြန်လည်ပူးပေါင်းအင်အားဖြည့် နေထိုင်ကြခြင်းဖြစ်သည်ဟု ကေအဲန်ယူ မူတြော်ခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မေလတစ်လအတွင်း မူတြော်ခရိုင်ထဲတွင် တိုက်ပွဲကြီး/ငယ်ပေါင်း (၁၀၇)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ အယောက်(၆၀)ဝန်းကျင်ခန့် ထိခိုက်သေဆုံးခဲ့ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အနည်းငယ်သာဒဏ်ရာရရှိကြောင်း ထိုလချုပ် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

ဆက်လက်၍ စစ်ကောင်စီက တိုက်လေယာဉ်နှင့်ပေါင်(၅၀၀)အလေးချိန်ရှိ ဗုံးကြီး (၁၂) လုံး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ (၈) ဦး ထိမှန်ဒဏ်ရာရရှိကြောင်းလည်း မူတြော်ခရိုင်က ပြောဆိုသည်။

စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအပြင် ဒရုန်းဗုံးကိုလည်း ပိုမိုအသုံးပြုတိုက်ခိုက်လာကာ တစ်လအတွင်း ဗုံးကြီးဗုံးငယ် စုစုပေါင်း အလုံး တစ်ထောင်(၁၀၀၀) ဝန်းကျင် ဗုံးကြဲတိုက်ခိုက် သောကြောင့် ဒေသအတွင်း လူနေအိမ်(၁၆)လုံး၊ စပါးကျီ၊ စိုက်ပျိုးရေးခြံများ ထိခိုက်ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန်များလည်း ထိမှန်သေဆုံးခဲ့ရကြောင်း မူတြော်ခရိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဖာပွန်မြို့ကို ထိန်းချုပ်ရန် မြို့တွင်းရှိ စစ်ကောင်စီတပ် စခန်းများကို တိုက်ခိုက်သိမ်းပိုက်သည့် စစ်ရေးအရှိန်မြှင့် လုပ်ဆောင်လာပြီးနောက် တပ်စခန်း ငယ် အချို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရေးပါသည့် ဗျူဟာကုန်းတပ်စခန်းများသို့ သွားရောက် ပူးပေါင်းနေထိုင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ကေအဲန်ယူက ပြောသည်။

Most read this week

July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...
July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...
July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...